ဇတ်ကာဘတ်ရဲ့ Facebook နဲ့ မြန်မာနိုင်ငံ
2018.05.01
Facebook တည်ထောင်သူ မာ့ခ်-ဇတ်ကာဘတ် နဲ့ Vox သတင်းဌာနတို့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်လောက်က တွေ့ဆုံမေးမြန်းခန်းမှာ ဇတ်ကာဘတ် ပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာလူမှုအဖွဲ့အစည်း ၆ ဖွဲ့က အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့သလို၊ ဇတ်ကာဘတ်ကလည်း တောင်းပန်စာ ပေးပို့ခဲ့ပါတယ်။ မြန်မာလူမှုအဖွဲ့အစည်းတွေက ဘာကြောင့် အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့သလဲ၊ မာ့ခ်-ဇတ်ကာဘတ် ကရော ဘာကြောင့် တောင်းပန်ခဲ့သလဲ ဆိုတာတွေကို RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြထားပါတယ်။