ရန်ကုန်ရောက် စစ်ဘေးဒုက္ခသည်တွေ အလုပ်လက်မဲ့ဖြစ်နေ
ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် ရန်ကုန်မှာ ရရာအလုပ် လုပ်ကိုင်ဖို့ တိမ်းရှောင်လာကြတဲ့ ချင်းတိုင်းရင်းသား တွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အလုပ်တွေ ရပ်နားထားတဲ့ကာလမို့ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။
-
2020-05-29 -
-
-
paletwa-refugee-hmawbi-622
ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် ဒေသခံ ချင်းတိုင်းရင်းသားတချို့ နေရပ်စွန့်ခွာပြီး ရန်ကုန်မြို့ကို တိမ်းရှောင်လာကြပါတယ်။ ဒီအထဲမှာ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းသားကလေးငယ် တွေလည်း ပါဝင်ပါတယ်။
ရန်ကုန်မှာ ရရာအလုပ် လုပ်ကိုင်ဖို့ ရောက်လာကြတဲ့ ဒီဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အလုပ်တွေ ရပ်နားထားတဲ့ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်နေပြီး စားသောက်ရေး အခက်အခဲ ရင်ဆိုင်နေကြရပါတယ်။