ဘုန်းကြီးကျောင်းဝင်းထဲက သူစိမ်းတွေကို ထုတ်ပေးဖို့ ရပ်ကွက်နေသူတွေတောင်းဆို

2021.02.18

ဒီနေ့မနက်က ရန်ကုန်မြို့ ဗဟန်း ၃ လမ်းမှတ်တိုင်အနီးက မီးပွိုင့်မှာ ကားတွေကို တုတ်နဲ့ထွက်ရိုက်ခဲ့တဲ့ ဘုန်းကြီးနဲ့ လူတချို့ ရွှေကျင်ကျောင်းတိုက်ဝင်းထဲကို ဝင်ပြေးခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေက အဲဒီဘုန်းကြီးနဲ့ လူတွေကို ထုတ်ပေးဖို့ ကျောင်းဝင်းအပြင်ကနေ တောင်းဆိုခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာ ရေတာရှည်လမ်းဘက်က ပြည်သူတွေကို ကျောင်းဝကနေ လေးဂွတွေနဲ့ ပစ်တာကြောင့် ကျောင်းတိုက်အနီးမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းမှာတော့ ရဲတွေရောက်ရှိ နေရာယူထားတာဖြစ်ပါတယ်။ ကျောင်းထိုင်သံဃာတစ်ပါးကတော့ ဘုန်းကြီးကျောင်းထဲမှာ သူစိမ်းတွေလက်ခံထားတယ်ဆိုတာကို ငြင်းဆိုမိန့်ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။