Asia Rose အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ
2014.05.20
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က Asia Rose အထည်ချုပ်စက်ရုံမှာ တစ်နေ့လုပ်အားခကျပ် ၄ ရာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမား ၄ ရာကို အလုပ်က ရပ်ဆိုင်းလိုက်ကြောင်း မနေ့ညက ကြေညာလိုက်ပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ ဒီနေ့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။