CDM လုပ်နေတဲ့ မလွှကုန်းက မီးရထားဝန်ထမ်းတွေကို လာရောက်တားဆီး
2021.02.14
ရန်ကုန်မြို့၊ မလွှကုန်း မီးရထားဝင်းအတွင်းက မြန်မာ့မီးရထား စက်ခေါင်းမောင်းသူတွေ၊ စက်ပြင်အင်ဂျင်နီယာတွေနဲ့ မီးရထားဝန်ထမ်း ၈၀၀ နီးပါးဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး ဒီနေ့အထိ စစ်အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေကြရာ ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ တပ်မတော်သားတွေက လာရောက်တားဆီးခဲ့ပါတယ်။