ထားဝယ်မှာ လူနာတင်ယာဉ်ကိုပစ်ခတ်ပြီး ပရဟိတသမားတွေကို ဖမ်းဆီး

2021.03.08

ဒီနေ့ မနက် ၁ နာရီမထိုးခင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ ဇမ္ဗူမေတ္တာ အရေးပေါ်ကူညီရေးအသင်းက လူနာတင်ယာဉ်တစ်စီးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ပြီး ကယ်ဆယ်ရေးသမားတွေကို ဖမ်းဆီးသွားပါတယ်။

လူနာပို့ပြီးအပြန် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းအရောက် ည ၁၂ နာရီ ၄၃ မိနစ်မှာ စစ်တပ်က သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ပြီး ကယ်ဆယ်ရေးသမားတွေကို ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူ ၃ ဦးထက်မနည်းရှိပြီး အရေအတွက်အတိအကျ သိရဖို့ RFA က စုံစမ်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။