တရားစွဲခံထားရတဲ့ ဘုန်းကြီးကျောင်းအချိုု့ ဖြိုဖျက်
နေပြည်တော်အနီးရွှေနံသာအုပ်စုအတွင်းရှိတရားစွဲဆိုခံထားရတဲ့ ဘုန်းကြီးကျောင်း ၂၄ကျောင်း အနက် ကျောင်းတော်တော် များများဟာလွန်ခဲ့တဲ့အပတ်ကစပြီးမိမိအစီအစဉ်နဲ့ဖြိုဖျက်လျက်ရှိတယ် လို့ သိရပါတယ်။
-
2014-03-30 -
-
-
Your browser doesn’t support HTML5 audio
နေပြည်တော် အနီးရွှေနံသာအုပ်စုအတွင်းရှိ တရားစွဲဆိုခံထားရတဲ့ ဘုန်းကြီးကျောင်း ၂၄ကျောင်း အနက် ကျောင်းတော်တော် များများဟာ လွန်ခဲ့တဲ့ အပတ်ကစပြီး မိမိအစီအစဉ် နဲ့ဖြိုဖျက်လျက်ရှိတယ်လို့ သိရပါတယ်။
ကျောင်းတွေ ကိုနေပြည်တော်စည်ပင် ကမြေကျူးကျော်မူနဲ့တရားစွဲဆို ထားတာဖြစ်ပြီး အဲ့ဒီကျောင်းတွေကို အင်အားသုံးဖြိုဖျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာအပြင် တရားရုံးက အမူကိုရုတ်သိမ်းဖို့ခုလိုဖျက်သိမ်းကြတာဖြစ်တယ်လို့တရားစွဲခံရတဲ့ကျောင်းတစ်ကျောင်းဖြစ်တဲ့ မဟာမြိုင်ကျောင်း ဆရာတော် ဦးစန္ဒဝံသ က မိန့်ကြားပါတယ်။
တရားစွဲဆိုပြီးပြစ်ဒါဏ်အသီးသီးအပေးခံရတဲ့ ဆရာတော် သုံးပါးရှိပြီလို့ဦးစန္ဒဝံသကမိန့်ပါတယ်။ မြေကျူးကျော်တယ် လို့ အစွပ်စွဲခံရတဲ့ ဘုန်းကြီးကျောင်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း၂ဝ-၃၀ အချိန်လောက်ကတည်းက သာသနာပြုနေတဲ့ကျောင်းများ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဘုန်းကြီးကျောင်းတွေကို ဖျက်နေကြသလို တစ်ချို့ကျောင်းတွေက ကုမ္ပဏီတွေကို ရောင်းချသွားတာလည်း ရှိတယ်လို့သိရပါတယ်။တရားရင်ဆိုင်နေရတဲ့ ဘုန်းကြီးကျောင်းမြေကို ဝယ်သွားတဲ့ ကုမ္ပဏီတွေကိုတော့ ဘာအရေးယူတာမျိုးမှ လုပ်တာမတွေ့ရဘူးလို့ ဆိုပါတယ်။
အခုတရားစွဲခံရတဲ့ဘုန်းကြီးကျောင်းတွေဟာနေပြည်တော်မြို့ပတ်လမ်းနဲ့ရန်ကုန်မန္တလေး အမြန်လမ်းကြားမှာ ရှိပြီးကုမ္ပဏီတွေက သရက်ခြံတွေအများဆုံးလာရောက် လုပ်ကိုင်နေတဲ့ နေရာြုဖစ်ပြီး ဖျက်သိမ်းသွားတဲ့ဘုန်းကြီးကျောင်းမြေနေရာတွေကိုကုမ္ပဏီတွေကအပြေးအလွား လာရောက်ဝယ်ယူနေ ကြတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်ရဲ့ဆက်သွယ်မေးမြန်းချက်