ဇိုင်းအောင်စခန်းက စစ်ပြေး ဒုက္ခသည်တွေထွက်ပြေးနေရ
2016.12.28
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ဇိုင်းအောင်ဒုက္ခသည်စခန်းအနီးကို မနေ့ညက လက်နက်ကြီးတွေကျ ရောက်ခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်သူ နှစ်ထောင်ကျော်ဟာ စခန်းကိုစွန့်ခွါပြီး လက်ရှိ ဝိုင်းမော်မြို့ကို သွားတဲ့ကားလမ်းမပေါ်မှာ စုဝေးနေကြရပါတယ်။
ဇိုင်းအောင်ဒုက္ခသည်စခန်းကနေ ထွက်ပြေး တိမ်းရှောင်လာသူ ဒေါ်ခွန်ရာကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။