ပန်လုံရွာတိုက်ပွဲ TNLA ဗိုလ်မှူးမိုင်းအိုက်ကျော်နဲ့ မေးမြန်းချက်
2018.08.16
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာပတ်ဝန်းကျင်မှာ တအာင်းပလောင်အဖွဲ့TNLA၊ SSPP/ SSA ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် RCSS တပ်ဖွဲ့တို့ကြား သြဂုတ်လ ၁၅ ရက်နေ့ မနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က ပန်လုံကျေးရွာကို ဝင်ရောက် အခြေချလိုက်တာကြောင့် TNLA နဲ့ SSPP/ SSA ပူးပေါင်းအဖွဲ့ဟာ ပန်လုံကျေးရွာကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။
ပန်လုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။