KIO ကို စစ်ရေးနိုင်ငံရေးအရ ဝန်းရံသွားမယ့်အကြောင်း မိုင်းအိုက်ကျော်နဲ့ မေးမြန်းချက်
2018.05.09
ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIO/ KIA ကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA တို့က ကေအိုင်အိုကို စစ်ရေး နိုင်ငံရေးအရ ဝန်းရံသွားမယ်လို့ မနေ့က ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းထားပါတယ်။