ထိုင်းနယ်စပ်မှာ မြန်မာလူနာ နှစ်ဆတိုးလာ

စစ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်မှာ လူနာဦးရေ နှစ်ဆလောက်တက်လာတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်။ Photo: RFA

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးကဏ္ဍ ပိုဆိုးသွားလို့ ထိုင်း-မြန်မာ နယ်စပ်မှာ လူနာဦးရေ နှစ်ဆလောက်တက်လာတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။ ဒါကြောင့် မယ်တော်ဆေးခန်းမှာ အရေးပေါ်ဌာနတစ်ခုအသစ်ဖွင့်ဖို့ လိုအပ်နေပါတယ်။ ဒီသုံးနှစ်တာကာလမှာ ကလေးတွေကာကွယ်ဆေး ပုံမှန်မထိုးရလို့ ဖြစ်လာမယ့် ရောဂါတွေအတွက်လည်း စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ နောက်ပိုင်းကတည်းက ထိုင်း-မြန်မာနယ်စပ်မှာ စေတနာ့ ဆေးခန်းတည်ထောင်ထားတဲ့အတွက် ပြည်သူတွေကြားမှာ ကျောင်းသားဆေးခန်း ဒါမှမဟုတ် မယ်တော်ဆေးခန်းလို့လူသိများထင်ရှားပြီး အခြေခံလူတန်းစားတွေအတွက် အားကိုးရာဖြစ်နေပါတယ်။

ဒေါက်တာစင်သီယာမောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ထိုင်းနိုင်ငံ မဲဆောက်မြို့က မယ်တော်ဆေးခန်းမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org