အခွန်ငွေ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းချက်
2018.02.28
အစိုးရက အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အနေနဲ့ အရင်က အခွန်မဆောင်ခဲ့တဲ့ငွေတွေကို ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက်ဆောင်ရင် တရားဝင်ငွေဖြစ်မယ်ဆိုတဲ့ ဥပဒေကြမ်း ပြင်ဆင်နေပါတယ်။ ဒီဥပဒေကြောင့် ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ပြောင်းလဲတာတွေဖြစ်လာမယ်လို့လည်း ဝေဖန်နေကြပါတယ်။
ဒါပေမဲ့ တိုင်းပြည်မှာ လည်ပတ်နေတဲ့ငွေတွေ တရားဝင်ဖြစ်လာအောင် လက်ရှိမှာ အခုလို ဆောင်ရွက်တာ သင့်တော်တယ်လို့လည်း ရှုမြင်သူတွေရှိပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်လို့ လေ့လာနေတဲ့ ECODEV အဖွဲ့က ဆရာဦးဝင်းမျိုးသူ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။