သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-31
ဆွာရေလှောင်တမံ ကျိုးပျက်မှုကြောင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာချောင်းတလျှောက်က ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်းနဲ့၊ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ ရေးသားနေသလို လူဆယ်ဂဏန်းကျော် သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ ရေတာရှည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ပြောပါတယ်။ လောလောဆယ် ရေဘေးဒုက္ခသည်တချို့ နေရပ်ပြန်နေကြပြီး ဆွာချောင်းတလျှောက်မှာလည်း ရေဘေးစိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောပါတယ်။
2018-08-31
စစ်တောင်းမြစ်ရေ တက်လာတာဟာ ပုံမှန် မိုးရွာတာကြောင့်မဟုတ်ဘဲ ဆွာရေလှောင်တမံက ကျလာတဲ့ ရေတွေကြောင့် ရုတ်တရက် တက်လာတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
2018-08-31
ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ရင် စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပြီး ကမ္ဘာစစ်ဖြစ်ရင်တောင် ကျည်ဆံကျခွင့်မရှိတဲ့ အခွင့်အရေးမျိုူးရမှာဖြစ်ပါတယ်။ ကုလပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က လာရောက် စစ်ဆေးတော့မယ့်အချိန်မှာ ပုဂံအမွေအနှစ်စီမံခန့်ခွဲရေးကော်မီတီရဲ့မူဝါဒတွေကြောင့် ပုဂံဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ အခက်အခဲတွေကြုံရနိုင်တဲ့အတွက် မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းက ကြေငြာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-31
ဆွာရေလှောင်တမံ ကျိုးပေါက်ပြီး ရေလွှမ်းမိုးခံခဲ့ရတဲ့ ကျေးရွာတွေမှာ စပါးခင်းတွေ ပျက်စီးသွားသလို၊ လယ်မြေတွေ သဲတွေနုံးတွေ ဖုံးလွှမ်းပျက်စီးသွားတဲ့အတွက် အစိုးရချေးငွေနဲ့ ရင်းနှီးလုပ်ကိုင်ခဲ့ရတဲ့ လယ်သမားတွေ အထိအနာဆုံးဖြစ်နေပြီလို့ သိရပါတယ်။
2018-08-30
မြန်မာနိုင်ငံမှာ ဆည်တွေ တည်ဆောက်ချိန်တုန်းက နည်းပညာ အားနည်းသလို၊ တည်ဆောက်ပြီးနောက်ပိုင်းမှာလည်း ပြုပြင်ထိန်းသိမ်းမှု မရှိသလောက် ဖြစ်နေတဲ့အတွက် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်တာကို သင်ခန်းစာယူပြီး ဧရာဝတီ မြစ်ဆုံရေကာတာကြီးအတွက် စဉ်းစားသင့်တယ်လို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။
2018-08-30
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာအစိုးရဘက်ကသာ အကူအညီပေးဖို့ နှစ်နိုင်ငံအစိုးရအကြား သဘောတူထားကြပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်ကို လက်တွေ့ အကောင်အထည် မဖော်ရသေးဘူးလို့ သိရပါတယ်။
2018-08-30
အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ရခိုင်အမျိုးသားပါတီ ANP ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်စာတမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပေမယ့် ပါတီအနေနဲ့ ပြန်လည်ပြင်ဆင်ပေးမှာမဟုတ်ဘူးလို့ ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
2018-08-30
ရန်ကုန်-နေပြည်တော် အမြန်လမ်းနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း ရေမြုပ်နေတာကြောင့် ရန်ကုန်ကနေ နေပြည်တော်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းကို သွားမယ့် ခရီးစဉ်တွေအတွက် ငွေပြန်အမ်းတာ၊ ရက်ရွှေ့ဆိုင်းတာတွေ စီစဉ်ပေးနေတယ်လို့ မြတ်မန္တလာထွန်းကားဂိတ် ဥက္ကဌ ဦးအေးဇင် က ပြောပါတယ်။
2018-08-30
ပဲခူးတိုင်းဒေသကြီး ဆွာမြို့က ဆွာရေလှောင်တမံ ရေပိုလွှဲက ရေလွှတ်တာကြောင့် အိမ်ထောင်စု ၆ သောင်း ၃ ထောင်ကျော် ရေနစ်မြုပ်ပြီး လူ ၇ ယောက် ရေစီးနဲ့ မျောပါသွားတယ်လို့ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော် က ပြောပါတယ်။
2018-08-30
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးပြီးနောက်ပိုင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆက်ဆံရေးဟာ အရင်လောက် မကောင်းတော့ဘူးလို့ UNFC ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။
2018-08-29
ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က တောင်ကြီးမြို့မှာ စက်တင်ဘာလဆန်း ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို မပြုလုပ်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က တားမြစ်ပိတ်ပင်လိုက်တဲ့အကြောင်းနဲ့ ပတ်သက်လို့ SNLD ပါတီအတွင်းရေးမှူး စိုင်းကျော်ညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှု၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ရာဇဝတ်မှု စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ဆေးသင့်တယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2018-08-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှု၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ရာဇဝတ်မှု စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ဆေးသင့်တယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။
2018-08-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေအပေါ် အစိုးရဘက်က ဆောင်ရွက်ချက်တွေ၊ သဘောထားတွေနဲ့ လုပ်ငန်းရှင်တွေဘက်က အခြေအနေတွေကို သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်က MICC-I မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2018-08-26
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထားတဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့ က အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးမယ်လို့ မနေ့က SSPP ခေါင်းဆောင်တွေနဲ့ တေ့ွဆုံ ဆွေးနွေးစဉ်မှာ TNLA ဖက်က ပြောလိုက်ပါတယ်။