သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-30
မန္တလေး NLD က ဦးဆောင်ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒရယူ လက်မှတ်ထိုးပွဲတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က NLD ပါတီဝင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (မန္တလေး) က တာဝန်ခံတစ်ချို့ကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရပါတယ်။
2014-06-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံဘွဲ့ရတွေကို အငယ်တန်းအော်ပရေတာ သင်တန်းတက်စေပြီး အလုပ်ခန့်ရာမှာ လစာ ညှိုနိုင်းမရဖြစ်နေတာ သုံးလ ရှိသွားပြီလို့ သိရပါတယ်။ ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ စာထုတ်ထားပါတယ်။ သင်တန်းသားတွေက မနက်ဖြန် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြမယ်လို့ဆိုပါတယ်။ သင်တန်းသားတစ်ဦးဖြစ်တဲ့ ကိုဖြိုးယုဌေးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-28
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာနမ်းဘီးယားနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ဟာ ပြီးခဲ့တဲ့ ရက်တွေကတွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့မှာလည်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့လည်း သီးသန့်တွေ့ဆုံပြီး ဆွေးနွေးတာတွေ ရှိပါတယ်။
2014-06-28
တနင်္သာရီတိုင်းနဲ့ ကမ်းလွန်ပင်လယ်မှာ စည်းကမ်းမဲ့ထုတ်လုပ်မှုကြောင့် သစ်တောထွက်ပစ္စည်းနဲ့ ရေထွက်ပစ္စည်းတွေ တနေ့တခြား ပြုန်းတီးရှားပါးလာနေပြီဖြစ်ပါတယ်။
2014-06-27
ပြည်သူတွေရဲ့ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်တွေအပြည့်အဝပေးတဲ့အနေနဲ့ ပုဒ်မ ၁၈ ဆိုတာ လုံးဝမရှိသင့်တဲ့ပုဒ်မဖြစ်တယ်လို့ လယ်သမားအလုပ်သမားရေးဆောင်ရွက်ရင်း တရားစွဲခံနေရတဲ့ မစုစုနွေးကပြောပါတယ်။
2014-06-25
တရုတ်နိုင်ငံက စီမံကိန်းတွေမှာရောပတ်ဝန်းကျင်အတွက် ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို သွားရောက်လေ့လာမယ့် မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-06-25
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ လူငယ်တွေဘယ်လောက် ပါဝင်နိုင်ကြပြီလဲ။ လွှွတ်တော်အတွင်းမှာတော့ တပ်မတော်ကိုယ်စားလှယ်တွေကလွဲလို့ တခြားကိုယ်စားလှယ်တွေထဲမှာ လူငယ်အရေအတွက် နည်းပါးလှပါသေးတယ်။
2014-06-25
ပွင့်လင်းမြန်မာ့ရှေ့ဆောင်လို့ခေါ်တဲ့ Open Myanmar Initiative အဖွဲ့က လွှတ်တော်ရဲ့ဆောင်ရွက် ချက် တွေအပေါ်သုတေသနပြုပြီး ဒုတိယအကြိမ်မြောက်အစီရင်ခံစာတစောင်ကို မနေ့ကထုတ်ပြန် လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ရဲ့အကြံပေးပုဂ္ဂိုလ် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-24
မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာ ပါတီစုံစနစ် နဲ့ ဒီမိုကရေစီပုံစံဖြစ်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ် PR ကို လက်ခံကျင့်သုံးဖို့ လိုအပ်တယ်လို့ (တစည) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခေါင်းဆောင် ဦးဟန်ရွှေက ပြောပါတယ်။
2014-06-22
တနင်္သာရီတိုင်း မြိတ်မြို့ှမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တည်ဆောက်နေတဲ့ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံကြောင့် ပတ်ဝန်းကျင်လူထုထိခိုက်မယ့် အန္တာရာယ်ကို ဒေသခံလူထုက စိုးရိမ်နေကြပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ထပ်မံအရေးဆိုတင်ပြဖို့ စီစဉ်နေကြောင်းသိရပါတယ်။ မြိတ်မြို့နယ် NLD တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-22
ရန်ကုန်အခြေစိုက် ဂျာနယ်တိုက်အချို့နဲ့ သတင်းစာတိုက်အချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အထူးစုံစမ်းစစ်ဆေးရေးက အလွတ်သဘော ခေါ်ယူမေးမြန်းတာတွေပြုလုပ်ခဲ့ပါတယ်။
2014-06-21
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်အဖွဲ့ရဲ့ သြစတြေးလျနိုင်ငံ အရှေ့ပိုင်းခရီးစဉ်မှာ လိုက်ပါကူညီခဲ့တဲ့ ဆစ်ဒနီမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ ဦးမြင့်ချိုကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-20
မဟာသန္တိသုခကျောင်းကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီး သံဃာတစ်ပါးကို ကျပ်ငွေ သိန်းနှစ်ရာစီအာမခံနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော် ၅ ပါးထဲက အရှင်နန္ဒိယ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-20
မဟာသန္တိသုခကျောင်းတိုက် က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာတော်တွေ ပြန်လည် လွှတ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မစိုးရိမ်တိုက်ဆရာတော် အရှင် ဝီရသူကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဒီကနေ့ စနေနေ့ မနက်မှာ လျှောက်ထားမေးမြန်းခဲ့ပါတယ်။
2014-06-20
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုနဲ့အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန က အမှုဖွင့်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ဥပဒေရှုထောင့် အရ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။