သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-22
တပ်မတော်သိပ္ပံနဲ့နည်းပညာသုတေသနဌာနက ဒုတိယဗိုလ်မှူးကြီးဗညားကျော်နဲ့ ဆက်သွယ်မေးမြန်းချက် နောက်ဆုံးပိုင်းမှာတော့ စစ်ကောင်စီက တရုတ်၊ ရုရှားနိုင်ငံတွေနဲ့ဆက်ဆံရေး၊ အနောက်နိုင်ငံတွေက ရှိသင့်တဲ့သဘောထားနဲ့ သူ့ရဲ့ ပြည်သူနဲ့တပ်မတော်သားတွေအတွက် ပန်ကြားချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2022-03-22
စစ်ကောင်စီလက်အောက်ခံ တပ်မတော် သိပ္ပံနဲ့ နည်းပညာသုတေသနဌာနက ဒုတိယ ဗိုလ်မှူးကြီး ဗညားကျော်ဟာ CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုမှာပါဝင်လာခဲ့ပြီး လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို အခုရောက်ရှိနေပါပြီ။ သူအခုလို ပြည်သူနဲ့ ပူးပေါင်းခဲ့မှုနဲ့ ပတ်သက်ပြီး ဒုတိယ ဗိုလ်မှူးကြီး ဗညားကျော် ကို RFA က သီးသန့် ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
2022-03-21
အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု Genocide ကျူးလွန်တယ်လို့ တရားဝင်ကြေညာလိုက်တဲ့အတွက် “အမေရိကန်ရဲ့ ပေါ်လစီတွေဟာ ဒီထက်မက ပြင်းထန်ပြီးတော့ အရေးယူမှုတွေ ရှိလာနိုင်တယ်” လို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က သုံးသပ်ပါတယ်။
2022-03-21
အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု Genocide ကျူးလွန်တယ်လို့ တရားဝင်ကြေညာလိုက်တာဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေတောင်းဆိုနေတဲ့ စစ်အုပ်စုကိုအရေးယူဖို့ကိစ္စအတွက် ဒီဆုံးဖြတ်ချက်ကြောင့် ပိုပြီးအားကောင်းသွားနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။
2022-03-21
စစ်ကောင်စီလက်အောက်ခံ တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာနက ဒုတိယဗိုလ်မှူးကြီး ဗညားကျော်ဟာ CDM အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုမှာပါဝင်လာခဲ့ပြီးနောက် လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို အခုရောက်ရှိနေပါပြီ။ သူအခုလို ပြည်သူနဲ့ ပူးပေါင်းခဲ့မှုနဲ့ ပတ်သက်ပြီး ဒုတိယ ဗိုလ်မှူးကြီး ဗညားကျော်ကို RFA လွတ်လပ်တဲ့အာရှအသံက သီးသန့် ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
2022-03-16
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသား စစ်ကောလိပ်က အရှေ့တောင် အာရှရေးရာ လေ့လာသုံးသပ်သူ Zachary Abuza က ပြောလိုက်ပါတယ်။