သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-30
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးဟာ ၈၈ ငြိမ်းပွင့်ကနေ မနေ့က နုတ်ထွက်လိုက်ပါတယ်။
2017-11-29
UNFC အဖွဲ့ဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး ဖရူဆိုမြို့နယ်မှာ အကောင် အထည်ဖော်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကျောင်း ဖွင့်လှစ်မယ့်ကိစ္စကို ရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရက စာပေးပို့ တားမြစ်လိုက်ပါတယ်။
2017-11-29
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမိုတည်ဆောက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2017-11-28
ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ဟာ ပါတီဌာနချုပ်ထံ ပါတီတာဝန်နဲ့ ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့် တင်လိုက်ပါတယ်။
2017-11-28
ဗိုလ်ချုပ်ရုပ်ရှင်ကို ရန်ပုံငွေ သိန်းပေါင်း ရှစ်ထောင်နဲ့ နှစ်နှစ်အတွင်း ပြီးစီးအောင် ရိုက်ကူးသွားမယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး တာဝန်ယူဆောင်ရွက်မယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။
2017-11-28
ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို လူထုအခြေပြုအဖွဲ့တွေက ဆောင်ရွက်နေပါတယ်။
2017-11-28
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်ကွန်ဗန်းရှင်းစင်တာ ၂ မှာ လူထုကို မိန့်ခွန်းပြောကြားသွားရာမှာ နိုင်ငံငြိမ်းချမ်းရေးရရှိဖို့ အားလုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းသွားပါတယ်။
2017-11-28
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ၂ နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။
2017-11-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ဖို့ နိုဝင်ဘာလကုန်မှာ သွားရောက်မှာ ဖြစ်ပါတယ်။
2017-11-27
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြုလုပ်မယ့် လူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ကို ပထမဆုံးအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
2017-11-27
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီနဲ့ အထက်မြန်မာပြည် အလုပ်သမားကိုယ်စားလှယ်တွေဟာ အနည်းဆုံး လုပ်ခလစာ အဆိုပြုနှုန်းထားတစ်ခုရရှိဖို့ မန္တလေးမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2017-11-27
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေသူတွေကို ပြန်လည်စိစစ်လက်ခံရာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်ကြောင့် ထွက်ပြေးသူတွေကို ဦးစွာလက်ခံသွားမယ်လို့ နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ်နိုင်ငံကြား သဘောတူရေးထိုးခဲ့တဲ့စာချုပ်မှာ ထည့်သွင်းထားပါတယ်။
2017-11-24
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေ အတိုင်း လိုက်နာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2017-11-24
ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပြည်ပကနေ ဦးဆောင်မှုပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်း တည်ထောင်သူ ပီနန်ဆရာတော် ဦပညာဝံသဟာ ဒီကနေ့မနက် ၅ နာရီကျော်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
2017-11-24
ကချင်ပြည်နယ်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ အပါအဝင် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်မိသားစုတွေရဲ့ ရှင်သန်ရပ်တည်ရေး၊ နေရပ်ပြန်နိုင်ရေး၊ ငြိမ်းချမ်းရေး စတာတွေနဲ့ ပတ်သက်လို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။