သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-26
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက သူ့ကို မမှန်မကန်စွပ်စွဲရေးသားပြီး လက်ကမ်းစာစောင် ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗဟန်းမြို့နယ်မှာ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးထွန်းမြင့်နဲ့ တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွန့်တို့ကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။
2015-11-26
ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက ကျောက်စိမ်းတူးဖော်တဲ့နေရာက မြေစာပုံ ပြိုကျခဲ့လို့ ရှာဖွေနေရာမှာ ဒီကနေ့ထူးခြားမှုမရှိတော့တဲ့အတွက် ရှာဖွေမှုတွေ ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။
2015-11-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လုံးခင်းကျောက်စိမ်းတူးဖော်တဲ့နေရာမှာ ဒီကနေ့အထိ မြေစာပုံပြိုကျ လို့ သေဆုံးသူ ၁၁၄ ဦးရှိပြီလို့ သိရပါတယ်။
2015-11-25
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီမိုကရေစီနည်းကျ လူထုက မဲပေးခဲ့တာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ် ကို ကျေကျေနပ်နပ် လက်ခံကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးကို အဓိကထားပြီးလုပ်ဆောင်မယ် လို့ မျှော်လင့်ကြောင်း RFA ကို ပြောကြားလိုက်ပါတယ်။
2015-11-25
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့ နင်းထားတဲ့ပုံကို ဖေ့ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ဆက်သွယ်ရေးပုဒ်မနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးပက်ထရစ် ခွန်ဂျာလီဟာ ကျန်းမာရေးဆိုးဝါးနေတာနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ မမေစပယ်ဖြူကို မသင်းသီရိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2015-11-24
လက်ငင်းသုံးနိုင်တဲ့ သယံဇာတ၊ နေ့စဉ်မသုံးပေမဲ့ တန်ဖိုးထားတဲ့ သယံဇာတ၊ ပြန်လည်အစားထိုးလို့ မရတဲ့ သဘာဝသယံဇာတစတွေကို ဘယ်လိုထုတ်ယူသင့်ပြီး မလေလွင့်ရအောင် ဘယ်လိုမူဝါဒတွေ ချမှတ်သင့်သလဲဆိုတာ စီးပွားရေးသုတေသီ ဦးစိန်ဌေးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-24
ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ မနေ့ညက ယမ်းပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
2015-11-24
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့မှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ခွင့်ရထားပါတယ်။
2015-11-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက ကံခါ စုပေါင်းစွန့်ပစ် မြေစာပုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က မြေစာပုံ ပြိုကျတာကြောင့် ရေမဆေး ကျောက်ရှာသူတွေနဲ့ မြေစာပုံအနီးမှာ တဲထိုးနေထိုင်သူတွေ ပိမိပြီး အခုချိန်ထိ သေဆုံးသူ တစ်ရာကျော်ရှိနေပါတယ်။
2015-11-24
ရှမ်းပြည်နယ် နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးဌေးလွင် အနိုင်ရရှိခဲ့တာကို ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဝင်းက ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။
2015-11-23
ရခိုင်ပြည်နယ်၊ အမ်း နဲ့ ရမ်းဗြဲမြို့နယ်ကနေ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရတဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တာကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီတွေ အနိုင်ရတာနည်းတဲ့အတွက် တိုင်းရင်းသား အခွင့်အရေးတွေ တောင်းဆိုတဲ့ အခါမှာ အားနည်းသွားမှာစိုးတယ်လို့ ပြောပါတယ်။
2015-11-23
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်ဟာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စေ့စပ်ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့လိုလိမ့်မယ်လို့ အလံနီသခင်စိုး ထူထောင်ခဲ့တဲ့ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဌ ဦးထွန်းအောင်ကျော်က ပြောပါတယ်။
2015-11-22
ရှမ်းပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမူတွေ ရပ်ဆိုင်းနိုင်ဖို့နဲ့ ဒုက္ခသည်တွေ နေ ရပ်ပြန်ရေးအတွက် အစိုးရနဲ့ ညှိုနှိုင်းဆွေးနွေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ကိုယ်စားလှယ် ၅ ဦးဟာ ဒီနေ့ နေပြည်တော်ကို ထွက်ခွာသွားပြီဖြစ်ကြောင်း SSPP အဖွဲ့က ဒီနေ့ ကြေညာထုတ်ပြန်လိုက်ပါတယ်။
2015-11-22
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နဲ့ ဒီကနေ့မှာ သီးသန့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
2015-11-22
သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းဖမ်းဆီးခံနေရတဲ့ ကျောင်းသူ မဟန်နီဦးကို ရန်ကုန်ဆေးရုံကြီးတင်ပြီး ဆေးကုသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။