သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-20
မြန်မာနိုင်ငံတဝှမ်းမှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေကို ပြန်ပေးတော့မယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2013-07-14
မြန်မာနိုင်ငံက ပညာရေးပြုပြင်ပြောင်းလဲမူဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေလိုလားတဲ့ ပညာရေးစနစ်မျိုးဖြစ်သင့်တယ်လို့ ပညာရေးကွန်ရက်က ဒေါက်တာသိန်းလွင်က ပြောပါတယ်။ အဲဒီ ပညာရေးပြုပြင်ပြောင်းလဲရေး နဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ထံကို တင်ပြခဲ့တာတွေနဲ့ပတ်သက်ပြီး ဒေါက်တာသိန်းလွင်ကို ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်း ထားပါတယ်။
2013-07-06
ရှစ်လေးလုံး ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို လာမယ့် သြဂုတ်လ ၆ ရက်ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ရန်ကုန်မြို့ Myanmar Convention Center - MCC မှာ ကျင်းပသွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ကြေညာ ထားပါတယ်။
2013-07-05
၁၉၈၈ ခုနှစ်ကနေစပြီး လက်ရှိကာလအထိ ကနေဒါနိုင်ငံကိုရောက်သွားတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို ကနေဒါ အစိုးရနဲ့လူမှုအသိုင်းအဝိုင်းက ဘယ်လိုကူညီနေလဲ ဆိုတာနဲ့ပတ်သက်လို့ ကနေဒါနိုင်ငံ Ontario မြို့အခြေစိုက် ဘာမား-ကနေဒီယမ် အသင်းရဲ့ အမှုဆောင်တစ်ဦးလဲဖြစ်၊ ရှမ်းတိုင်းရင်းသား တစ်ဦးလဲဖြစ်တဲ့ ဦးဒေါ်နယ်လ်မင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-07-05
မနေ့ကကျရောက်တဲ့ ၂၃၇ ကြိမ်မြောက် အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြပါလိမ့်မယ်။
2013-07-04
ဒီကနေ့ နေပြည်တော်မှာကျင်းပနေတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တစ်နိုင်ငံလုံးမှာ စီမံကိန်းလုပ်ငန်းအတွက် မြေနေရာယူထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းအကောင်အထည်မဖော်နိုင်ရင် အစိုးရကိုပြန်လည်အပ်နှံပြီး ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေကို ချထားပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုတစ်ခုကို အတည်ပြုလိုက်ပါတယ်။
2013-07-04
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကတည်းက ဖြစ်တည်ခဲ့တဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်တဲ့အတွက် ချက်ချင်းလက်ငင်း ပြေလည်အောင်ဆောင်ရွက်ဖို့အခက်အခဲရှိတယ်လို့ ပြည်ပအခြေစိုက် ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင်ခေမာစာရက မိန့်ကြားပါတယ်။
2013-07-03
၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကနေစပြီး ၂၅ နှစ်အတွင်းမှာ စွန့်လွှတ်အနစ်နာခံရ သူတွေ၊ ပေးဆပ်သွားရသူတွေကို အသိအမှတ်ပြုဖို့ Canadian Friends of Burma ခေါ် ကနေဒါ-မြန်မာ့ မိတ်ဆွေများအဖွဲ့က ဆောင်ရွက်သွားမယ်လို့ အဖွဲ့ရဲ့တာဝန်ခံ ကိုတင်မောင်ထူးကပြောပါတယ်။
2013-06-24
ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တွေက စီစဉ်လျက်ရှိပြီး လတ်တလော ကရင်ပြည်နယ်အတွင်း မြဝတီမြို့ကနေ ၁၃ မိုင်အကွာမှာရှိတဲ့ ဘေါကလိမှာ အိမ်ယာတွေ ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။
2013-06-24
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မြန်မာစားသောက်ဆိုင် ၃ ဆိုင်ဖွင့်လှစ်ပြီး အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်နေတဲ့ ဂန္ဓဝင်စားသောက်ဆိုင်ပိုင်ရှင် ကိုသီဟကို ဦးခင်မောင်စိုးက ဇွန်လ ၁၁ ရက်နေ့မှာ ခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2013-06-21
မြန်မာနိုင်ငံ နယ်မြို့တချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိနေသေးကြောင်း မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဌ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။
2013-06-16
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆလရန်းဈေးကအပြန် မေလ ၃၁ ရက်နေ့ညဦးပိုင်း ၈ နာရီခန့်က လူတချို့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ရန်ကုန်ဇာတိ ကိုဇင်ဘို ဆိုသူကို သူတို့မြန်မာတချို့ လက်ရှိခိုလှုံနေထိုင်တဲ့ ကပုန်း(Kepong) ရပ်ကွက်က ဆရာတော် ဒေါက်တာ အိန္ဒိက သတင်းသုံးရာ သမ္မာသမ္ဗောဓိ (Samnak Sambodhi) မြန်မာဘုန်းတော်ကြီးကျောင်းမှာ RFA အဖွဲ့သား ဦးခင်မောင်စိုး က ဇွန်လ ၁၁ ရက်နေ့မှာ ခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2013-06-14
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က သမ္မတ ဦးသိန်းစိန်ဟာ တိုင်းပြည်ကို တံခါးဖွင့်ပေးလိုက်တာဖြစ်ကြောင်း လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။
2013-06-13
ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားရောက် မြန်မာတွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာအလုပ်သမား ၄ ဦး သေဆုံးခဲ့သလို အများပြားလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
2013-06-13
မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။