သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-11
ဆရာတော် ဦးသုမင်္ဂလ(ခေါ်) ဒယ်အိုးဆရာတော်ကို အာဏာပိုင်တွေက ၂၀၁၁ ဒီဇင်ဘာလ ကနေ ၂၀၁၂ ဒီဇင်ဘာလ အထိ တရားဟောခွင့် ပိတ်ပင်ထားတာကြောင့် ဆရာတော်ဟာ ဒီဝါတွင်းကာလမှာ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ တရားဟောဖို့ လောလောဆယ် ဂျပန်နိုင်ငံမှာ ရောက်ရှိ သတင်းသုံးပြီး တရားဟောကြားနေပါတယ်။
2012-08-11
လယ်သမားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီက မြန်မာနိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ အဖွဲ့ချုပ် တခု ပေါ်ပေါက်ရေး ကြိုးပမ်းနေရာမှာ မနေ့ကထိ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ကျေးရွာအုပ်စုလိုက် သမဂ္ဂ ၆ နေရာမှာ ဖွဲ့စည်းပြီးသွားပြီလို့ သိရပါတယ်။
2012-08-08
ဗကပ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက ၁၉၈၈ အရေးတော်ပုံမှာ သူတို့ ဗမာပြည် ကွန်မြူနစ်ပါတီက ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ရှစ်လေးလုံး လူထုအုံကြွမှုကို ပြန်ကြည့်တဲ့အခါ အားနည်းချက် အားသာချက်တွေရှိပြီး ဘယ်တုန်းကနဲ့မှ မတူအောင် လူတန်းစားပေါင်းစုံ ညီညွတ်တဲ့ အုံကြွ လှုပ်ရှားမှု ဖြစ်ခဲ့တာ တွေ့ရမှာဖြစ်ကြောင်း ပြောဆိုရင်း ရှစ်လေးလုံးမှာ ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာယူဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။
2012-08-08
၈ လေးလုံး အရေးတော်ပုံအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားရတဲ့ သံဃာတော်တွေထဲမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်က ၁ ပါး၊ မြို့ဦးကျောင်းက ၈ ပါး၊ ဓမ္မသုခ ကျောင်းတိုက်က ၆ ပါးနဲ့ ဗဟန်းမြို့နယ် ကာလကတ္တား ကျောင်းတိုက်က ၃ ပါး ပါဝင်တယ်လို့ ရန်ကုန်မြို့ ရွှေတောင်ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍဝံသ ခေါ် ဦးပဉ္စင်း ဦးပြည်ကျော်က မိန့်ကြားပါတယ်။
2012-08-08
မန္တလေးမြို့မှာ နေထိုင်တဲ့ စာရေးဆရာ ညီပုလေးက ၈၈ အရေးတော်ပုံ ကာလအတွင်းမှာ မိခင် လူထုဒေါ်အမာ အပါအဝင် အဒေါ်တွေနဲ့အတူ လမ်းလျှောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို စာရေးဆရာ ဝင်းစည်သူနဲ့အတူ လူထု သတင်းစာတိုက်ကို အခြေခံပြီး "၈ လေးလုံး"ဆိုတဲ့ သတင်းစာတစ်စောင် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။
2012-08-07
ဖိနှိပ်ချုပ်ချယ်မှုနဲ့ အခွင့်ထူးခံမှုတွေ ကာလ ကြာရှည်လာတဲ့အပေါ် မူတည်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကိုပြောပါတယ်။
2012-08-07
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ အလုပ်သမား လူတန်းစား ပါဝင်လာခဲ့ပြီး စစ်အစိုးရအာဏာ သိမ်းပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေးမှာ ဝန်ထမ်း ငါးထောင်ကျော် အလုပ်ဖြုတ် ခံလိုက်ရတယ်လို့ အဲဒီကာလက အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဇော်ညွန့် ခေါ် အာကာဟိန်းက ပြောပါတယ်။
2012-07-27
ဘလော့ဂါ တစ်ဦးလည်းဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်တဲ့ ကိုနေဖုန်းလတ်က " ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော် " ဆိုတဲ့ စာအုပ်ကို ပထမဦးဆုံးအကြိမ်အဖြစ် လာမယ့် သြဂုတ်လမှာ စတင် ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။
2012-07-25
ကချင်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူတွေကို မြန်မာ့ တပ်မတော်ဘက်က ဖမ်းဆီး စစ်ဆေးမှုတွေ ရှိနေသလို မြန်မာ စစ်တပ်ကရော ကချင် KIO တပ်ဘက်ကပါ ဒေသခံတွေကို တပ်သားသစ် အဓမ္မ စုဆောင်းနေတယ်ဆိုပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို စာရေးသား တိုင်ကြား လာတာကြောင့် သွားရောက် စစ်ဆေးရာမှာ မှန်ကန်ကြောင်း ကော်မရှင် တာဝန်ရှိသူတွေ RFA ကိုပြောပါတယ်။
2012-07-22
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ခုက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ရန်ကုန်မြို့မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
2012-07-21
လာမယ့် ဇူလိုင်လ ၂၃ ရက် တနင်္လာနေ့ဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက်ဖြစ်တဲ့ အတွက် ကျန်ရစ်သူ မိသားစုဝင်တွေက ဆွမ်းကျွေးအလှူ ပြုလုပ်မှာဖြစ်သလို စာပေနဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေ ကလည်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမမှာ အခမ်းအနား ကျင်းပဖို့ စီစဉ်နေပါတယ်။
2012-07-18
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရမှုရဲ့ နောက်ကွယ်မှာ ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့ ပါဝင်ပတ်သက်မှု ရှိလိမ့်မယ်လို့ ဝန်ကြီးချုပ်ဟောင်း ဦးနုအပါအဝင် အဲဒီကာလ မြန်မာခေါင်းဆောင်တွေက ယုံကြည်ယူဆခဲ့ကြကြောင်း၊ ဒါပေမဲ့လည်း မြန်မာပြည် လွတ်လပ်ရေး ရရှိမယ့်ဆဲဆဲကာလ ဖြစ်တဲ့အတွက် မြိုသိပ်ထားခဲ့ရကြောင်းနဲ့ ဘာကြောင့် အဲဒီလို ထင်မြင်ယူဆကြတာလဲ ဆိုတဲ့ သမိုင်းနောက်ခံ အကြောင်းတွေနဲ့ ပတ်သက်ပြီး ဝါရင့် နိုင်ငံရေးသမားကြီး ဦးထွေးမြင့်ရဲ့ပြောကြားချက်တွေကို ဒေါ်ခင်ခင်အိက မေးမြန်း တင်ပြထားပါတယ်။
2012-07-14
မြန်မာနိုင်ငံမှာ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေချိန်အတွင်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က နော် စူဇန် လှလှစိုးကို မသင်းသီရိ က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
2012-07-10
ပြည်သူ့ခေတ်ဂျာနယ် ထုတ်ဝေခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာပေလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2012-07-07
မနေ့ ညက ပြန်လွတ်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို နေအိမ်ပြန်ရောက်ချိန်မှာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။