သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-25
ချင်းမိုင်မြို့မှာ မနက်ဖြန်ပြုလုပ်မယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး NCCT အဖွဲ့ဝင်၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ချင်းမိုင်မြို့နေအိမ်မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2013-11-20
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ကြတဲ့ ကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-11-19
“သူရိယနေဝန်းဂျာနယ်”ဟာ ခရိုနီလို့ အများကခေါ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ရေးသားနေတယ်ဆိုပြီး ပြစ်တင်ဝေဖန်မှုတွေရှိနေသလို အဲဒီလိုဆောင်းပါးတွေကြောင့်ပဲ ဝယ်ယူဖတ်ရှုသူတွေ များနေတယ်လို့ ဂျာနယ်ထုတ်ဝေသူက ပြောပါတယ်။
2013-11-19
မြန်မာနိုင်ငံမှာ ဒီဇင်ဘာလလ ၁၁ ရက်နေ့ စတင်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစားသမားပေါင်း ၅၀၀၀ကျော် လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဆီးဂိမ်မှာ အိမ်ရှင်မြန်မာနိုင်ငံအသင်း အောင်နိုင်ရေးအပါအဝင် ပြင်ဆင်ထားမှု အခြေအနေတွေနဲ့ ပတ်သက်လို့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-11-16
နိုင်ငံတော်သမ္မတ အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို မနေ့က လွှတ်ပေးလိုက်ရာမှာ ကွယ်လွန်သူ ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့ မြေးနှစ်ဦးဖြစ်တဲ့ ဦးအေးနေဝင်းနဲ့ ဦးကျော်နေဝင်းတို့လည်း ပါဝင်ပါတယ်။ ဦးအေးနေဝင်းကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-11-11
OIC လို့ခေါ်တဲ့ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများအဖွဲ့ဟာ မကြာခင် ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့အပါအဝင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။
2013-11-09
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ မယ်စကြာဝဠာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မမိုးစက်ဝိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-11-08
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို ပထမဆုံးအကြိမ် စတင်ထုတ်ဝေလိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ ပြီးခဲ့တဲ့ ၂၀၁၂/၂၀၁၃ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆.၅% အထိရှိခဲ့တဲ့အတွက် တိုးတက်မှုနှုန်းကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။
2013-11-02
အဖွဲ့ဝင် ၇ ဦးပါတဲ့ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့တခု ဗြိတိန်နိုင်ငံကို ရောက်ရှိပြီး မြောက်ပိုင်းအိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လေ့လာခဲ့ပါတယ်။ ဒီကနေ့ လန်ဒန်မြို့က ပြန်လည်ထွက်ခွာတော့မယ့် ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ဝင် နော်ဘလွန်းမင်းနိုက်ဇံကို RF Aက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-11-01
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းအတွက် ၂၀၁၁ ခုနှစ်မှာ ဒေသခံတွေရဲ့ ကြံစိုက်မြေ ဧက ၅ ထောင်ကျော်လောက် အသိမ်းခံလိုက်ရပါတယ်။ ကြံတောင်သူကြီး ဒေါ်တင်ရွှေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။
2013-10-31
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ကျောင်းသားတွေတည်ထောင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော်ဟာ မနက်ဖြန် ၂၅ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ကို လိုင်ဇာမြို့မှာကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီ ၂၅ နှစ်တာကာလအတွင်း ABSDF က ကျဆုံးခဲ့သူ ၆၇၀ ရှိပြီး၊ ကိုယ်အင်္ဂါချို့ယွင်းသွားတဲ့သူက ၄၁၇ ယောက်ရှိခဲ့တယ်လို့ အဖွဲ့ကပြောပါတယ်။
2013-10-29
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာဖက်မှာ အစိုးရစစ်ကြောင်းတွေ များပြားလာနေတဲ့အတွက် ဒေသခံတွေ ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာနေကြပါတယ်။ သူတို့ကို ကူညီဖို့စီစဉ်နေတဲ့ ဗန်းမော်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးတူးဂျာကို RFA သတင်းထောက် မရတနာဦး က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2013-10-29
မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍမှာ ကိုယ်စားပြုခွင့်ပိုရလာဖို့ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတွေက ညီလာခံတွေ ကျင်းပဆွေးနွေးနေကြပါတယ်။
2013-10-28
တိုင်းရင်းသားပေါင်းစုံရဲ့ လိုင်ဇာညီလာခံ ကျင်းပတော့မယ့်ကာလအတွင်း တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေနဲ့ ပတ်သက်လို့ သြစတြေးလျအခြေစိုက် မွန်အမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင် ဦးနိုင်ဖေသိန်းဇာနဲ့ အာဖက်အေ ဆက်သွယ်မေးမြန်းခန်းကို နားဆင်ပါ။
2013-10-28
လိုင်ဇာညီလာခံနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာခေါင်းဆောင် ဦးလှမောင်ရွှွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။