သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-07
မနေ့ ညက ပြန်လွတ်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို နေအိမ်ပြန်ရောက်ချိန်မှာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2012-07-05
ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ချ် မြန်မာနယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ် အခြေအနေတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားအမြင်တွေကို သိနိုင်ဖို့အတွက် ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2012-06-20
ဇွန်လ (၂၂) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံ မြန်မာ အသိုင်းအဝိုင်း တွေ့ဆုံမယ့် အခမ်းအနားအတွက် ဦးဆောင်ကြိုးပမ်းနေသူ တစ်ဦးဖြစ်တဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းတိုက်က အရှင် ဦးဥတ္တရကို RFA အဖွဲ့သား ဦးခင်မောင်စိုးက လျှောက်ထား မေးမြန်းခဲ့ပါတယ်။
2012-06-19
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန် စီးပွားရေးကျောင်းမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြီးတဲ့နောက် လန်ဒန်မြို့ က မြန်မာအသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2012-05-22
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့လျှပ်စစ်မီး အလုံအလောက် မဖြန့်ဖြူးနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့ကြီးတချို့မှာ လူထုဆန္ဒဖော်ထုတ် ပြသမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
2012-05-21
အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆက်လက်တောင်းဆိုနေကြတဲ့ လှိုင်သာယာစက်မှုဇုန်က ဆန္ဒပြ အလုပ်သမားတွေကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားနဲ့ လူငယ်အဖွဲ့အစည်း အသီးသီးက အဖွဲ့ဝင်တွေ မနေ့က (တနင်္လာနေ့က) သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2012-05-08
ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် စစ်ဘေး စစ်ဒဏ်သင့် ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် မဇ္ဈိမလှိုင်း ဦးရဲလွင် ဦးဆောင်တဲ့ ဂီတပညာသည်တစုဟာ လ္ဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လိုက်ပြီး သီချင်းဆိုရင်း ရန်ပုံငွေရှာ လှူဒါန်းနေပါတယ်။
2012-04-28
အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးကောင်းအောင် ပြန်လည် ထူထောင်လာတာဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားးကို ထိခိုက်စေမယ့် ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
2012-04-24
အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို တစ်နှစ် ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်လာနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က စီးပွားရေးပညာရှင် ဦးမော်သန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2012-04-18
ဗကသများအဖွဲ့ချုပ်က ပုံနှိပ်ထုတ်ဝေတဲ့ အိုးဝေစာစောင်ဟာ ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေနဲ့ ငြိစွန်းတဲ့အကြောင်း စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက အိုးဝေစာစောင် တာဝန်ခံတွေကို ဒီနေ့မနက်က ခေါ်ယူရှင်းလင်း ပြောဆိုခဲ့ပါတယ်။
2012-04-18
KIO - KIA ခေါင်းဆောင်ပိုင်း တချို့က အဓမ္မစစ် ဆင်နွှဲခိုင်းနေတာကို လက်မခံနိုင်တော့တဲ့ KIA တပ်ဖွဲ့ဝင် (၄၀) ကျော်ဟာ အစိုးရထံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ချ အလင်းဝင်ကြတယ်ဆိုပြီး ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြလိုက်သလို၊ KIO - KIA ခေါင်းဆောင်တွေရဲ့ သဘောထား တင်းမာမှုကြောင့် ကချင်ပြည်သူတွေ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးကွာနေရဆဲ ဖြစ်တယ်လို့ အစိုးရသတင်းစာက ဆိုပါတယ်။
2012-04-16
သြစတြေးလျအစိုးရက ငွေကြေးနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့အရေးယူမှု တချို့ကို ဒီကနေ့ ရုပ်သိမ်းပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ ပေါ်ထွက်နေတဲ့ အပြောင်းအလဲတွေနဲ့ နှိုင်းစာရင် များလွန်းပြီး စောလွန်းသေးတယ်လို့ သြစတြေးလျရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေက ပြောနေပါတယ်။
2012-04-03
မြန်မာနိုင်ငံ လက်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေ၊ အနာဂတ် အလားအလာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က နေပြည်တော်မှာ သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
2012-04-03
ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာမောင်ဝံသက ဒီတစ်ပတ်ထုတ် ဂျာနယ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က ပုဂ္ဂိုလ်တွေအနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင်က လွှတ်တော်အမတ်တွေကို လေးလေးစားစား ဆက်ဆံသင့်တယ်ဆိုတဲ့ အယူအဆနဲ့ အမတ်တွေကလည်း ရေပေါ်ဆီမဖြစ်ဖို့ လိုတယ်ဆိုပြီး ထောက်ပြထားတဲ့ ဆောင်းပါးတစ်စောင် ရေးသားလိုက်ပါတယ်။
2012-04-02
ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်ရဲ့ သဘောထား အမြင်ကို အာအက်ဖ်အေအဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။