တရုတ်အစိုးရ သဘောထားအပေါ် ဦးအောင်ကျော်ဇောနဲ့ မေးမြန်းချက်

အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးကောင်းအောင် ပြန်လည် ထူထောင်လာတာဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားးကို ထိခိုက်စေမယ့် ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

တရုတ် သတင်းစာတွေကလည်း အမေရိကန်က မြန်မာပြည်နဲ့ ရင်းနှီးအောင်လုပ်ပြီး တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံကို သူ့ရဲ့မဟာမိတ်ဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ရေးသားကြပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်အစိုးရရဲ့ သဘောထားကို လေ့လာနိုင်ဖို့ တရုတ်နယ်စပ် အခြေစိုက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00