သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-25
ပွင့်လင်းမြန်မာ့ရှေ့ဆောင်လို့ခေါ်တဲ့ Open Myanmar Initiative အဖွဲ့က လွှတ်တော်ရဲ့ဆောင်ရွက် ချက် တွေအပေါ်သုတေသနပြုပြီး ဒုတိယအကြိမ်မြောက်အစီရင်ခံစာတစောင်ကို မနေ့ကထုတ်ပြန် လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ရဲ့အကြံပေးပုဂ္ဂိုလ် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-24
မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာ ပါတီစုံစနစ် နဲ့ ဒီမိုကရေစီပုံစံဖြစ်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ် PR ကို လက်ခံကျင့်သုံးဖို့ လိုအပ်တယ်လို့ (တစည) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခေါင်းဆောင် ဦးဟန်ရွှေက ပြောပါတယ်။
2014-06-22
တနင်္သာရီတိုင်း မြိတ်မြို့ှမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တည်ဆောက်နေတဲ့ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံကြောင့် ပတ်ဝန်းကျင်လူထုထိခိုက်မယ့် အန္တာရာယ်ကို ဒေသခံလူထုက စိုးရိမ်နေကြပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ထပ်မံအရေးဆိုတင်ပြဖို့ စီစဉ်နေကြောင်းသိရပါတယ်။ မြိတ်မြို့နယ် NLD တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-22
ရန်ကုန်အခြေစိုက် ဂျာနယ်တိုက်အချို့နဲ့ သတင်းစာတိုက်အချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အထူးစုံစမ်းစစ်ဆေးရေးက အလွတ်သဘော ခေါ်ယူမေးမြန်းတာတွေပြုလုပ်ခဲ့ပါတယ်။
2014-06-21
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်အဖွဲ့ရဲ့ သြစတြေးလျနိုင်ငံ အရှေ့ပိုင်းခရီးစဉ်မှာ လိုက်ပါကူညီခဲ့တဲ့ ဆစ်ဒနီမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ ဦးမြင့်ချိုကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-20
မဟာသန္တိသုခကျောင်းကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီး သံဃာတစ်ပါးကို ကျပ်ငွေ သိန်းနှစ်ရာစီအာမခံနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော် ၅ ပါးထဲက အရှင်နန္ဒိယ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-20
မဟာသန္တိသုခကျောင်းတိုက် က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာတော်တွေ ပြန်လည် လွှတ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မစိုးရိမ်တိုက်ဆရာတော် အရှင် ဝီရသူကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဒီကနေ့ စနေနေ့ မနက်မှာ လျှောက်ထားမေးမြန်းခဲ့ပါတယ်။
2014-06-20
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုနဲ့အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန က အမှုဖွင့်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ဥပဒေရှုထောင့် အရ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-18
ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိ သုခကျောင်းတိုက် ချိတ်ပိတ်ခံရပြီး ကျောင်းတိုက်က သံဃာငါးပါးကို ဖမ်းဆီးလူဝတ်လဲ ထိန်းသိမ်းထားမှု ကို ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-18
မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာကွန်ရက် NNER က ဦးဆောင်ကန့်ကွက်နေတဲ့ ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ဇွန် ၁၈ နေ့က ဆွေးနွေးခဲ့ပါတယ်။
2014-06-17
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ စမ်းချောင်းကိုကိုကြီးတို့ အဖွဲ့ဟာ ဆစ်ဒနီမြို့ကို ဒီကနေ့မနက် ခရီးဆက်ဖို့ပြင်ဆင်နေပါတယ်။ ကိုဂျင်မီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-16
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ ) က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှာ မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ ) ဥက္ကဌ ကိုကျော်ကိုကို ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-06-15
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ ) က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှာ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2014-06-14
ပီနန်ဆရာတော်ရဲ့ သန္တိသုခကျောင်းတိုက်က ရဟန်းငါးပါးကို အစိုးရက ဖမ်းဆီးလူဝတ်လဲကာ အကျဉ်းထောင်ပို့ စွဲချက်တင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဇာဂရ ခေါ် စာရေးဆရာ ကံထွန်းသစ်ကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-13
လွှတ်တော်ကော်မတီတစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေး အကောင်အထည်ဖေါ်မှုကော်မတီက သမ္မတ၊ ဒုသမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ မဲခွဲဆုံးဖြတ်ထားတဲ့အပေါ် နိုင်ငံရေးနဲ့ ဥပဒေလောကသား တချို့ရဲ့သဘောထား အမြင်တချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်လက်တင်ပြပါလိမ့်မယ်။