သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-09
တိုင်းရင်းသားလူငယ်အဖွဲ့ ၁၂ ဖွဲ့နဲ့ စုစည်းထားတဲ့ SYCB ခေါ် မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက်စ်ဟာ အခု ၁၈ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်း ဆောင်ရွက်ချက်တွေနဲ့ လက်ရှိလှုပ်ရှားမှုတွေအကြောင်း အဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူး တာဝန်ယူထားတဲ့ ကချင်ကျောင်းသားလူငယ်များသမဂ္ဂ ဒုတိယဥက္ကဌ ကိုနော်ဆန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2014-01-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်က ကျန်းမာရေး အနည်းငယ် ထိခိုက်သွားတဲ့အတွက် ဆေးစစ်ခဲ့ရပေမယ့် စစ်ကိုင်းတိုင်း ကလေးမြို့က ဟောပြောပွဲကိုတော့ မဖြစ်မနေပြုလုပ်မယ်လို့ သိရပါတယ်။ ဒီနေ့ခရီးစဉ်နဲ့ ပတ်သက်လို့ NLD ချင်းပြည်နယ် ဥက္ကဌ ဦးဇိုဘွဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2014-01-08
ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် ဟားခါးမြို့ကို မနေ့ ညနေပိုင်းက ရောက်ရှိခဲ့ရာမှာ မူလက စီစဉ်ထားခဲ့သလို ပြည်ထောင်စုရိပ်သာမှာ တည်းခိုဖို့အဆင်မပြေတဲ့အတွက် တည်းခိုရိပ်သာတစ်ခုမှာ ညအိပ်ရပ်နားခဲ့တယ်လို့ သိရပါတယ်။
2014-01-08
လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေမှုနှုန်းကို ၂၆ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိ (၁၀) ရာခိုင်နှုန်းလျော့ချမယ့် မဟာဗျူဟာ ၅ ရပ်ကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကပြုလုပ်တဲ့ အစိုးရဝန်ကြီးတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲမှာ ချမှတ်ခဲ့ပါတယ်။
2014-01-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုသတင်းကြေညာနေတဲ့အချိန်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ် တီးတိန်မြို့ကို ခရီးဆက်နေပြီ ဖြစ်ပါတယ်။ ချင်းပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ NLD ချင်းပြည်နယ် ဥက္ကဌ ဦးဇိုဘွဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2014-01-06
၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖွဲ့တွေက ပြင်ဆင်နေကြတဲ့အချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပါတီထူထောင်မှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။
2014-01-06
ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ "နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF" ကို ဒေသခံရခိုင်တိုင်းရင်းသားတွေက အကူအညီပေးနေရာမှာ ဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ MSF က သူတို့ရဲ့လုပ်ငန်းတွေအပေါ် ဒေသခံတွေက နားလည်မှုလွဲနေတာသာဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။
2014-01-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ မနက်ပိုင်းက တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး တဆက်တည်းမှာပဲ သူတို့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွားရောက်ကာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2014-01-03
လာမယ့် ဇန်နဝါရီလ ၅ ရက်နေ့နေ့လယ်မှာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနားမှာ ဆန္ဒပြဖို့စီစဉ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုပြုံးချိုကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2014-01-03
၂၀၀၈ ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲမဝင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ဒီရက်ပိုင်းတွေအတွင်း ရှမ်းပြည်နယ်မှာ ပါတီရုံးခန်းအများအပြား တိုးချဲ့ဖွင့်လှစ်နေပါတယ်။