ဒေါ်အောင်ဆန်းစုကြည် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ တည်းခိုခွင့်မရ
2014.01.08
ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် ဟားခါးမြို့ကို မနေ့ ညနေပိုင်းက ရောက်ရှိခဲ့ရာမှာ မူလက စီစဉ်ထားခဲ့သလို ပြည်ထောင်စုရိပ်သာမှာ တည်းခိုဖို့အဆင်မပြေတဲ့အတွက် တည်းခိုရိပ်သာတစ်ခုမှာ ညအိပ်ရပ်နားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးစဉ်မှာလိုက်ပါတဲ့ သတင်းထောက်တွေကို ကြိုတင်ဌားရမ်းထားတဲ့ တည်းခိုခန်းတွေက အခန်းလွတ်တွေ မရှိတော့ကြောင်း ငြင်းဆိုပြောကြားတာလည်း ကြုံတွေ့ရပါတယ်။ ဟားခါးမှာ ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုမျိုးသန့်ခိုင်ကို မနေ့က ညပိုင်းမှာ ဦးဝင်းနိုင်က ခုလို ဆက်သွယ်မေးမြန်းထားပါတယ်။