သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-26
လစ်လပ်နေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြနေရာမှာ ဆာဘီးယားနည်းပြကို ခန့်အပ်နိုင်ခြေ များနေပါတယ်။
2014-01-26
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရဲအမှုထမ်းတစ်ဦး ပျောက်ဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရပ်သားမွတ်စလင်တွေ အကြမ်းဖက်သတ်ဖြတ်ခံရတယ်ဆိုတဲ့ လုပ်ကြံသတင်းတွေအပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်တို့က စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုတာကို မြန်မာအစိုးရအနေနဲ့ လုံးဝလက်မခံဘဲ၊ ပယ်ချကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောဆိုပါတယ်။
2014-01-25
သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်တွေ ဦးဆောင်ဖွင့်လှစ်တဲ့ နိုင်ငံရေးသင်တန်းအကြောင်း သင်တန်းမှူးဖြစ်သူ ဒေါက်တာနေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-01-23
မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးရဲ့ သက်တမ်းဟာ ၃ နှစ်နီးပါးရှိလာပြီဖြစ်ပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ အဆောင်အယောင်၊ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တာဝန်တွေ အပြည့်အ၀ မရရှိကြသေးဘူးလို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်သားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2014-01-22
မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာ ၂ စောင်မှာပါဝင်တဲ့ စာမျက်နှာတချို့ကို ပြင်ပစာနယ်ဇင်းသမားတွေ ပါဝင်တာဝန်ယူ လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်စိုးကို အာဖက်အေ အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။ B0122KM
2014-01-22
သမ္မတရုံးနဲ့ ပညာရေးဝန်ကြီးဌာနတို့ရဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖေါ်ရေးကော်မတီက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့စုစည်းထားတဲ့ NNER ခေါ် မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ရေးဆွဲထားတဲ့ မူဝါဒကို ဆွေးနွေးမယ်လို့ပြောလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ သိန်းလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။ B0122NRK 5:04
2014-01-21
သမ္မတရုံးနဲ ပညာရေးဝန်ကြီးဌာနတို့ရဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖေါ်ရေးကော်မတီက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကမကထပြုကျင်းပတဲ့ ပညာရေးမူဝါဒ ညှိနှိုင်းဆွေးနွေးတဲ့ အစည်းအဝေးကို တက္ကသိုလ်ဆရာ/ဆရာမများအသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရရေးအဖွဲ့တို့က သပိတ်မှောက်လိုက်ပါတယ်။
2014-01-17
မန္တလေးမြို့မှာ မဟာအောင်မြေ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးမှာ အခုလ ၁၅ ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲ သံဃာ့ညီလာခံကြီးမှာ သီတဂူဆရာတော် အရှင်ဉာဏိဿရက လာမယ့်ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်ကို မဲပေးကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဖို့ သြဝါဒပေးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ သီတဂူဆရာတော် အရှင်ဉာဏိဿရကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် လျှောက်ထားမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-01-14
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ နှစ်ပါတီပူးပေါင်းဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။
2014-01-14
ဒိန်းမတ်နိုင်ငံရဲ့ တော်ဝင်မင်းသမီး Mary ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုပြီး အကူအညီပေးနိုင်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
2014-01-12
အမေရိကန် ပြည်ထောင်စု ဘော့စတွန်မြို့ “Seafood Expo North America “ ရေထွက်ပို့ကုန်များပြပွဲမှာ မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းတွေ ပါဝင်ပြသမယ့်ကိစ္စ၊ အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဖြေလျော့ပြီး နောက်ပိုင်း မြန်မာရေထွက်ပို့ကုန်လုပ်ငန်း အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး မသင်းသီရိက စုစည်းတင်ပြမှာပါ။
2014-01-11
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြား၊ လူမျိုးခြားနဲ့ လက်ထပ်ထိမ်းမြားတာကို တားမြစ်မယ့် ဥပဒေမူကြမ်းတစ်ခုကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်အခြေစိုက် အမျိုးသား ဒီမိုကရေစီသစ်ပါတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းမယ်လို့ ဆိုပါတယ်။
2014-01-11
ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် အကောင်အထည်ဖေါ်ရေး ကော်မတီကို အနယ်နယ် အရပ်ရပ်က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ ဒီနေ့ဖွဲ့စည်းမယ်လို့ သိရပါတယ်။
2014-01-11
မြန်မာနိုင်ငံအပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပြီး၊ အထူးအခွန်သက်သက်ခွင့်တွေ ပေးထားပေမယ့် အထည်ချုပ်လုပ်ငန်းမှာ ကမ္ဘောဒီးယား၊ တရုတ်၊ ဗီယက်နမ်နိုင်ငံတွေနဲ့ နိုင်းယှဉ်ရင် လုပ်ခဈေးနှုန်း ကြီးမြင့်နေဆဲဖြစ်တာကြောင့် ဒီလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
2014-01-10
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲဟာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို မနေ့မနက်က တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုပြုံးချိုကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။