သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-16
မြန်မာပြည်သူတစ်ရပ်လုံးရဲ့ဘဝတွေ ပြောင်းလဲချိန်တန်နေပြီဖြစ်တဲ့အတွက် အဲဒီလိုပြောင်းလဲမှုတွေကို အမှန်တကယ် လက်တွေ့အကောင်အထည်ဖေါ်နိုင်ရန် လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့အဖွဲ့ချုပ်ကို မဲပေးရန်လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2015-09-16
လာမယ့်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်လောက်ကစပြီး တစ်လကျော်ကြာ မဲဆွယ်စည်းရုံးရေးဆင်းမယ်လို့ သိရပါတယ်။
2015-09-16
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ကိုယ်စားလှယ်လောင်း ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
2015-09-13
တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုး မယ့်နေ့ရက် အတိအကျ သတ်မှတ်နိုင်ရေး ၊ အပစ် ရပ်စာချုပ်မှာ အဖွဲ့တွေအားလုံးပါဝင်နိုင်ရေး အခြေ အနေတွေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-09-13
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းတုန်းက မိုးကြီးခဲ့ရာကနေ ရေစီးနဲ့မျော ပါပျက်စီးခဲတဲ့ နေအိမ် ၃ဝဝ ကျော်ကို ဒီကနေ့ စတင်ဆောက်လုပ်ပေးနေပြီဖြစ်ပါတယ်။
2015-09-13
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ ၃ ရက်ကြာ ဆွေးနွေးကြမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
2015-09-13
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ လက်ပံတန်းကျောင်းသား သပိတ်စခန်းကို ဖြိုခွင်းရာ မှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွေ အဆင့်ဆင့်ကို မလိုက်နာဘဲ ကျော်လွန် ပြီး ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူသင့်ကြောင်း မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-09-10
ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦး ကို နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ RFA ဝိုင်းတော်သူ မသင်းသီရိက တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း ၂ ကို နားဆင်နိုင်ပါတယ်။
2015-09-10
၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေး အခြေအနေတွေနဲ့အတူ ရွေးကောက်ပွဲအောင်နိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးကို နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ RFA ဝိုင်းတော်သူ မသင်းသီရိက တွေ့ဆုံ မေးမြန်းထားတဲ့ အပိုင်း ၁ ကို နားဆင်နိုင်ပါတယ်။
2015-09-10
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးကို ကချင်ပြည်နယ်လူထုကလိုလားပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ကချင်နှစ်ချင်းသာသနာပြုအဖွဲ့အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ခလန် က RFA ကို ပြောပါတယ်။
2015-09-10
မနေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက် ပိုင်းမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဦးကြီးမြင့်နဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးက မဲဆွယ်စည်းရုံးခဲ့ ပါတယ်။
2015-09-10
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာညိုညိုသင်းဟာ မနေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းကို ဖွင့်လှစ်လိုက်ပါတယ်။
2015-09-10
ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နဲ့ မိုင် ၂ဝ လောက်ဝေးတဲ့ ငေါ့ငါးနဲ့ ဂျရမ်းကျေးရွာတွေနားမှာ စက်တင်ဘာ လ ၇ ရက်နေ့ကစပြီး ဒီနေ့အထိ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။
2015-09-07
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်တစ်လျှောက် မှာရှိတဲ့ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း နဲ့ မုံရွာမြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေ မှတ်အထက် ဆက်ပြီးတည်ရှိနေမှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2015-09-06
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေ တိုးမြင့်ထားရာမှာ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေကို အဆင့်မြင့်လုံခြုံရေး ဆောင်ရွက်ရမယ့် မြို့နယ်တွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။