NDF ပါတီရဲ့ကိုယ်စား လှယ်လောင်း ၂ ဦး မဲဆွယ်စည်းရုံး


2015.09.10

မနေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဦးကြီးမြင့်နဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးက မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်း ဦးကြီးမြင့်က ရွေးကောက်ပွဲအလွန်ကာလတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF တို့ ပူးပေါင်းဖို့ NDF ဗဟိုကော်မတီက စဉ်းစားကောင်းစဉ်းစားနိုင်ပေမယ့် သူ့အနေနဲ့ကတော့ ဒီမိုကရက်တစ်အင်အားစုတွေနဲ့သာ ပူးပေါင်းလိုတယ်လို့ ပြောပါတယ်။

ဦကြီးမြင့်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။