သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-17
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ စက်မှုဇုန် ၂ ခုမှာ ဒေသအသီးသီးကနေ လာရောက်အလုပ်လုပ်ကိုင်ကြသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်ကြသူ လူဦးရေ ငါးသောင်းလောက်ဟာ မဲပေးခွင့်ရှိသူစာရင်းမှာ မပါသေးပါဘူး။
2015-09-17
မဲစာရင်းတွေမှာ အက္ခရာအလိုက်စီစဉ်ထားတဲ့အတွက် မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာပါ မပါ ရှာဖွေရတာ အခက်ခဲဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြည်သူ့အကျိုးပြု ကျောင်းသားများ ဒီမိုကရေစီပါတီက လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို စာတစ်စောင်ရေးသား တင်ပြလိုက်တယ်လို့ သိရပါတယ်။
2015-09-17
ခေတ်သစ်ပြည်သူ့ပါတီရဲ့ အထွေအထွေအတွင်းရေးမှူး ဒေါ်ရီရီစံဟာ ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံမှာဖြစ်ပါတယ်။ ဒေါ်ရီရီစံဟာ သူ့ရဲ့မဲဆွယ်စည်းရုံးရေးကို ဒီနေ့ စတင်ပါတယ်။
2015-09-16
တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေအားလုံးမပါဝင်ပဲ နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားဖို့အတွက် အစိုးရက စီစဉ်နေတာဟာ စေတနာမမှန်ဘူးလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက RFA ကို ပြောပါတယ်။
2015-09-16
လာမယ့် ရွေးကောက်ပွဲကို ကယားပြည်နယ် ရှားတောမြို့နယ် မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းကို ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ မနက်က မြန်မာငြိမ်းချမ်းရေးအဖွဲ့ရုံးမှာ ဦးခင်မောင်စိုး သွားရောက်တွေ့ဆုံပြီး မေးမြန်းခဲ့ ပါတယ်။
2015-09-16
NLD ပါတီကနေ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်လောင်း ဦးပြုံးချိုဟာ ဒီကနေ့ ကစတင်ပြီး ဒေါပုံမြို့နယ် မှာ အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲကျင်းပခဲ့သလို တစ်အိမ်တက်တစ်အိမ်ဆင်း မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ပါတယ်၊
2015-09-16
မြန်မာပြည်သူတစ်ရပ်လုံးရဲ့ဘဝတွေ ပြောင်းလဲချိန်တန်နေပြီဖြစ်တဲ့အတွက် အဲဒီလိုပြောင်းလဲမှုတွေကို အမှန်တကယ် လက်တွေ့အကောင်အထည်ဖေါ်နိုင်ရန် လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့အဖွဲ့ချုပ်ကို မဲပေးရန်လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2015-09-16
လာမယ့်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်လောက်ကစပြီး တစ်လကျော်ကြာ မဲဆွယ်စည်းရုံးရေးဆင်းမယ်လို့ သိရပါတယ်။
2015-09-16
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ကိုယ်စားလှယ်လောင်း ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
2015-09-13
တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုး မယ့်နေ့ရက် အတိအကျ သတ်မှတ်နိုင်ရေး ၊ အပစ် ရပ်စာချုပ်မှာ အဖွဲ့တွေအားလုံးပါဝင်နိုင်ရေး အခြေ အနေတွေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-09-13
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းတုန်းက မိုးကြီးခဲ့ရာကနေ ရေစီးနဲ့မျော ပါပျက်စီးခဲတဲ့ နေအိမ် ၃ဝဝ ကျော်ကို ဒီကနေ့ စတင်ဆောက်လုပ်ပေးနေပြီဖြစ်ပါတယ်။
2015-09-13
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ ၃ ရက်ကြာ ဆွေးနွေးကြမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
2015-09-13
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ လက်ပံတန်းကျောင်းသား သပိတ်စခန်းကို ဖြိုခွင်းရာ မှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွေ အဆင့်ဆင့်ကို မလိုက်နာဘဲ ကျော်လွန် ပြီး ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူသင့်ကြောင်း မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-09-10
ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦး ကို နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ RFA ဝိုင်းတော်သူ မသင်းသီရိက တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း ၂ ကို နားဆင်နိုင်ပါတယ်။
2015-09-10
၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေး အခြေအနေတွေနဲ့အတူ ရွေးကောက်ပွဲအောင်နိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးကို နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ RFA ဝိုင်းတော်သူ မသင်းသီရိက တွေ့ဆုံ မေးမြန်းထားတဲ့ အပိုင်း ၁ ကို နားဆင်နိုင်ပါတယ်။