သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-12
ရှမ်းပြည်နယ် မိုင်းရှုးနဲ့ ကျေးသီးမြို့နယ်ကြားမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် အစိုးရ စစ်တပ်တို့ ဒီကနေ့ နေ့လည်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ကျားခေါင်းပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောပါတယ်။
2015-10-11
အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်နှက်ကိုင်အဖွဲ့အစည်းအားလုံး မပါဝင်တဲ့အတွက် နေပြည်တော်မှာ အောက်တိုဘာလ (၁၅) ရက်ကျရင် ကျင်းပမယ့် NCA လက်မှတ်ရေးထိုးပွဲကို မတက်ဘူးလို့ (UNA ) စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင် ကပြောပါတယ်။
2015-10-11
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရန်ကုန် တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ကနေ အမျိုး သားဒီမိုကရေစီ အင်အားစုပါတီ(NDF) ကနေ ကိုယ် စားပြုယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်မေသူသူအောင် က သူသာ အရွေးချယ်ခံရရင် ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်း ခွင့်ရဖို့ လွှတ်တော်ထဲမှာ တောင်းဆိုသွားမယ် လို့ ပြောပါတယ်။
2015-10-11
အောက်တိုဘာလ (၁၅) ရက်နေ့မှာ ကျင်းပမယ့် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးပွဲကို မတက်ရောက်တာ ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်တာကြောင့်လည်း ပါဝင်တယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောပါတယ်။
2015-10-11
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ ထောင်ထဲမှာဘာသာပြန်ခဲ့တဲ့ " နောက်ဆုံးအားပေးသံ" စာအုပ်ကို ဒီကနေ့ဖြန့်ချီ ပါတယ်။
2015-10-10
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဆရာတော် အရှင်တိလောကာဘိဝံသ ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့ရှိ ရွာမပရိယတ္တိစာသင် တိုက်မှာ ဒီကနေ့ သွားရောက်တွေ့ဆုံ လျောက် ထားမေးမြန်းထားပါတယ်။
2015-10-09
သာသာရေးနဲ့ လူမျိုးရေး အကြောင်းပြပြီး NLD ပါတီကို မဲမပေးဖို့ မဲဆွယ်စည်းရုံးရေးတချို့ တွေ့နေ ရတာနဲ့ ပတ်သက်လို့ NLD ပါတီဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2015-10-09
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့်ရွေးကောက်ပွဲမှာ မုဒုံမဲဆန္ဒနယ် အမှတ် (၁) ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2015-10-09
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်သားခေါင်းဆောင်တွေကို ဖိတ်ကြားသွားမှာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
2015-10-07
ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ် နောင်ခြေရွာနား က SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ မနေ့က မနက်ပိုင်းက တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
2015-10-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်း မဇင်မာအောင်က မဲစာရင်းတွေဖောင်းပွနေတာ၊ မှားယွင်းနေတာ စိုးရိမ်စရာဖြစ်တယ်လို့ ပြောကြားပါတယ်။
2015-10-05
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးစာချုပ် NCA ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ နေပြည်တော်က မြန်မာကွန်ဗန်းရှင်းစင်တာမှာ လက်မှတ်ရေးထိုးဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ဒီနေ့ သဘောတူညီလိုက်ကြပါတယ်။
2015-10-04
တနင်္ဂနွေနေ့ ညနေပိုင်းက ကျင်းပပြီးစီးသွားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ဆိုရေး လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ထားတဲ့ အစည်းအဝေးမှာ လက်မှတ်ရေးထိုးကြမယ့် နေ့ရက် သတ်မှတ်နိုင်ခဲ့ဲပြီး ပူးတွဲကော်မတီတရပ် ဖွဲ့စည်းဖို့ ရှိတယ်လို့ ဆိုပါတယ်။
2015-10-03
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကို ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်အတွင်း လက်ရှိအခြအနေတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးခင်မောင်စိုးက အောက်တိုဘာ ၂ ရက်နေ့ က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-02
အမေရိကန်၊ မလေးရှားနဲ့ ရုရှားနိုင်ငံတွေမှာ စစ်သံမှူးကြီးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးချုပ် ဦးစိုးဌေးဟာ လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။