NCA စာချုပ် လက်မှတ်ရေးထိုးမယ့် အကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ နဲ့ မေးမြန်းချက်
2015.10.04
တနင်္ဂနွေနေ့ ညနေပိုင်းက ကျင်းပပြီးစီးသွားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဆိုရေး လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ထားတဲ့ အစည်းအဝေးမှာ လက်မှတ်ရေးထိုးကြမယ့် နေ့ရက်သတ်မှတ်နိုင်ခဲ့ဲပြီး ပူးတွဲကော်မတီတရပ် ဖွဲ့စည်းဖို့ရှိတယ်လို့ ဆိုပါတယ်။
အစည်းအဝေးတက်ရောက်တဲ့ PNLO ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့က ဗိုလ်မှူးကြီးခွန်ဥက္ကာက လက်မှတ်ရေးထိုးခြင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှေ့တလှမ်းတိုးလာတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဗိုလ်မှူးကြီးခွန်ဥက္ကာကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။