သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-20
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်ကို ဒီဇင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၂ဝ ရက်အထိ ကျင်းပခဲ့ပြီး လာမယ့်အစိုးရသစ်အပေါ်မှာ ရခိုင်လူမှု အဖွဲ့အစည်းတွေရဲ့ မျှော်လင့်ချက်စီရင်ခံစာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
2015-12-20
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လာမယ့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့ကနေစပြီး ကျင်းပမယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
2015-12-20
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံနဲ့ ကျောက်မဲ၊ ကွက်ခိုင်၊ နမ့်ခမ်း ဒေသတွေမှာ တအာန်းအမျိုးသား တပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ဒီဇင်ဘာလ ဆန်းပိုင်းကနေစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
2015-12-20
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပုဒ်မ ၅၉ (စ) ကို လွှတ်တော်ထဲ ယာယီဆိုင်းငံ့အဆို တင်သွင်းရေး အလားအလာတွေနဲ့အတူ လွှတ်တော်အမတ်တွေကို ချီးမြင့်မယ့် လွှတ်တော် အမတ်ပင်စင်အပေါ် သဘောထားတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-12-19
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြား တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခ သည်တွေကို ဟိုက်ပါကျေးရွာအနီးမှာ ရေရှည်နေ ထိုင်နိုင်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးနေတယ်လို့ သိရပါတယ်။
2015-12-19
ပြောင်းလဲတိုးတက်လာနေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေအရ NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အလားအလာဟာ ပိုကောင်းနေပြီဖြစ်ပြီး ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကိုလည်း နိုင်ငံတာဝန်တွေကို ပြန်လည်ပေးအပ်မယ်ဆိုရင် သိက္ခာရှိတဲ့ နေရာမျိူးမှာ စဉ်းစားရလိမ့်မယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
2015-12-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2015-12-18
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က မြေဧက ၆ထောင်ကျော်မှာ ကရင်အမျိုးသားအစည်းရုံး / ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA က မြေကွက်ရိုက်ပြီး ရောင်းချထားပါတယ်။
2015-12-17
ဒီနှစ်အတွင်း မူးယစ်ဆေးဝါးတွေ စံချိန်တင်ဖမ်းဆီးရမိ မှုတွေရဲ့ နောက်ကွယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်နေသလို ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်လောက်က ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုမှာ အစိုးရဝန်ထမ်းတချို့ ပါဝင်လာတယ်လို့ သိရပါတယ်။
2015-12-17
အစိုးရဘက်ကဖွဲ့စည်းထားတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွဲပြောင်းရေးအဖွဲ့နဲ့ NLD ဘက်က အသွင်ကူးပြောင်းရေးကော်မတီတို့ ဒီကနေ့မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံပြီး ဒီဆွေးနွေးပွဲကို NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
2015-12-17
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းကို နိုင်ငံတော်သမ္မတထံ ဒီနေ့ ပေးအပ်လိုက်ပါတယ်။
2015-12-16
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLAနဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ကြားဖြစ်ပွား နေတဲ့ တိုက်ပွဲတွေရပ်တန့်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနက်ဖြန် RCSS/SSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကြားဝင် ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။
2015-12-15
ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) အဖွဲ့က ပြည်တွင်းစစ်ပွဲတွေ အမြန်ဆုံးရပ်ပေး ဖို့ တောင်းဆိုလိုက်တာနဲ့ ပတ်သက်လို့ NBF ပါတီက ဦးစောသန်းမြင့် ကို မသင်းသီရိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2015-12-15
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ပြုပြင်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ စွဲဆိုထားတာကို မအူပင် မြို့နယ်တရားရုံးက ဒီနေ့ ပယ်ဖျက်ပေးလိုက်ပါတယ်။
2015-12-15
အစိုးရတပ်မတော်နဲ့ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ခမ်းဖက်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။