ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ တွေ့ဆုံ
2015.12.18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး CNF က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။