သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-18
ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိ သုခကျောင်းတိုက် ချိတ်ပိတ်ခံရပြီး ကျောင်းတိုက်က သံဃာငါးပါးကို ဖမ်းဆီးလူဝတ်လဲ ထိန်းသိမ်းထားမှု ကို ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-18
မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာကွန်ရက် NNER က ဦးဆောင်ကန့်ကွက်နေတဲ့ ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ဇွန် ၁၈ နေ့က ဆွေးနွေးခဲ့ပါတယ်။
2014-06-17
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ စမ်းချောင်းကိုကိုကြီးတို့ အဖွဲ့ဟာ ဆစ်ဒနီမြို့ကို ဒီကနေ့မနက် ခရီးဆက်ဖို့ပြင်ဆင်နေပါတယ်။ ကိုဂျင်မီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-16
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ ) က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှာ မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ ) ဥက္ကဌ ကိုကျော်ကိုကို ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-06-15
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ ) က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှာ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2014-06-14
ပီနန်ဆရာတော်ရဲ့ သန္တိသုခကျောင်းတိုက်က ရဟန်းငါးပါးကို အစိုးရက ဖမ်းဆီးလူဝတ်လဲကာ အကျဉ်းထောင်ပို့ စွဲချက်တင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဇာဂရ ခေါ် စာရေးဆရာ ကံထွန်းသစ်ကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-13
လွှတ်တော်ကော်မတီတစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေး အကောင်အထည်ဖေါ်မှုကော်မတီက သမ္မတ၊ ဒုသမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ မဲခွဲဆုံးဖြတ်ထားတဲ့အပေါ် နိုင်ငံရေးနဲ့ ဥပဒေလောကသား တချို့ရဲ့သဘောထား အမြင်တချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်လက်တင်ပြပါလိမ့်မယ်။
2014-06-12
တနင်္သာရီတိုင်းလူထုရဲ့ လက်ရှိနိုင်ငံရေး တက်ကြွမှုက ဘယ်လောက်ရှိပါသလဲ။ မြန်မာ့နိုင်ငံရေးမှာ ဒီကနေ့ ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်တွေကကော ဒေသခံလူထုရဲ့ စား၊ဝတ်၊နေရေး ဘဝ အခြေအနေ အထွေထွေနဲ့ ဘယ်လောက်နီးစပ်မှုရှိပါသလဲ။ တနင်္သာရီတိုင်း NLD လူငယ်တာဝန်ခံ ကို ဥက္ကာမင်းရဲ့ သဘောထားအမြင်တွေကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-07
အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပတဲ့အခါကျမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထည့်သွင်းဖို့ ဒီရက်ပိုင်းပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး ၁၉၉ဝ ရွေးကောက်ပွဲ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဉာဏ်အေးကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-07
ပြန်ကြားရေးဝန်ကြီးဌာနက ပုံနိပ်စက်တွေမှာယူတာနဲ့ ပတ်သက်ပြီး ဈေးနှုန်းတွေ မြင့်မားလွန်းနေကြောင်း စက် ၄ လုံးဝယ်ယူတာမှာ ပြည်သူ့ဘဏ္ဍာ အမေရိကန်ဒေါ်လာ ၁ သန်းခွဲလောက် နစ်နာခဲ့တယ်လို့ weekly Eleven ဂျာနယ်က ရေးသားထားပါတယ်။
2014-06-07
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) တွေကို ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ လာမယ့် အင်္ဂါနေ့ အစည်းဝေးတွင်း ဆွေးနွေးနိုင်ဖို့ရှိတယ်လို့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
2014-06-05
ပူပြင်းတဲ့ ရာသီဥတုကြောင့် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံတွေနဲ့ ဆည်တွေမှာ ရေအားနည်းနေတယ်ဆိုပေမဲ့ လျပ်စစ်မီးဖြတ်တောက်တာ၊ အချိန်ပိုင်းတွေနဲ့ ပေးတာတွေ ရှိမှာမဟုတ်ဘဲ လျပ်စစ်မီးကို အပြည့်အ၀ ဆက်ပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနက ဝန်ကြီး ဦးကျော်မြင့်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-01
ကရင်ပြည်နယ်လော်ခီးလာမှာ စနေနေ့က ကျင်းပ ပြီးစီးသွားခဲ့တဲ့ ကရင်အမျိုးသား စည်းလုံးရေး နှီးနှောဖလှယ်ပွဲနဲ့ပတ်သက်ပြီး ကျင်း ပရေးကော်မတီက ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးစောလွင်ဦး ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-06-01
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ စိစစ်မှတ်ပုံတင်ရေးအဖွဲ့ ကနေ ဘာသာကူးပြောင်းလိုသူတွေကို စစ်ဆေးရမယ်လို့ဖေါ်ပြထားပါတယ်။ အဲဒီလို စိစစ်မယ့် မှတ်ပုံတင်အဖွဲ့ဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေချည်းပဲ ဖြစ်မယ်ဆိုရင် တရားမျှတမှှုရှိပါ့မလားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှှုဆောင်အဖွဲ့ဝင် ရှေ့နေကြီး ဦးဉာဏ်ဝင်း က မေးခွန်းထုတ်လိုက်ပါတယ်။ ဦးဉာဏ်ဝင်းရဲ့ သဘောထားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ခုလိုဆက်သွယ်မေးမြန်းထားပါတယ်။