သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-09
လာမယ့် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလမှာ ကျရောက်မယ့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ရာပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကိုဂုဏ်ပြုရေးသားတဲ့ ကဗျာပေါင်းချုပ် ထုတ်ဝေဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းက စီစဉ်နေပါတယ်။
2014-09-08
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခု နှစ်ကုန်မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး ကော်မရှင် ရဲ့လုပ်ရပ်တွေအပေါ် နိုင်ငံရေးပါတီတွေရဲ့ယုံကြည် မှု အားနည်းချက်ကို လျော့ပါးသွားစေတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တ.စ.ည ခေါင်းဆောင် ဦးဟန်ရွှေက ပြော လိုက်ပါတယ်။
2014-09-06
KNU ကရင်အမျိုးသား အစည်းအရုံးဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီကနေ ယာယီနှုတ်ထွက်ထားပါတယ်။
2014-09-04
ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကယား ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံတွေနဲ့ လွိုင်ကော်မြို့မှာ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2014-09-04
အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း၊ ဘင်္ဂလားဒေ့်ရှ်နဲ့ အိန္ဒိယနိုင်ငံ အာသံ၊ ဂူဂျရတ်နဲ့ ကတ်ရှ်မီးယားပြည်နယ်တွေမှာ အဓိကပစ်မှတ်ထားပြီး မွတ်စလင်တွေ တစုတစည်းတည်းဖြစ်အောင် ဂျီဟတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ က ပြောဆိုလိုက်ပါတယ်။ အခုလို မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထား ခြိမ်းခြောက်လာမှုနဲ့ ပတ်သက်လို့ နေပြည်တော် သမ္မတရုံးက အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိတစ်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-08-31
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ညီလာခံမှာ အဖွဲ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီကနေ့ ဆက်လက်ဆွေးနွေးကြရာ KNU ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်တွေက အမြင်သဘော ထား မတိုက်ဆိုင်တဲ့အတွက် UNFC အဖွဲ့ အစည်းအဝေးကနေ ထွက်သွားကြတယ်လို့ သိရပါတယ်။
2014-08-30
မြန်မာနိုင်ငံထဲက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လူငယ်တွေလည်း ပါဝင်ပတ်သက်ခွင့်ပေးဖို့ လူငယ်ကွန်ရက်အဖွဲ့တွေက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို တင်ပြတောင်းဆိုခဲ့ပါတယ်
2014-08-29
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို မုံရွာ တက္ကသိုလ်၊ မုံရွာ စီးပွားရေးတက္ကသိုလ်နဲ့ မုံရွာနည်းပညာတက္ကသိုလ်တို့က ဒီနေ့ ကန့်ကွက် ဆန္ဒပြမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ်ကလည်း ဆန္ဒပြခဲ့ပြီးဖြစ်ပါတယ်။
2014-08-28
မြန်မာနိုင်ငံထဲက တရားစီရင်ရေးပိုင်းတွေမှာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေပြီး တပ်ပိုင်းဆိုင်ရာအရာရှိတွေရဲ့ ဖိအားပေးမှုတွေလည်းရှိနေသေးတာ တွေ့နေရတယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။
2014-08-28
မြေဧက ၃သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ တင်ဒါအသစ်ခေါ်ယူပေးဖို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မနေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2014-08-26
မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုတွေကို တိုက်ဖျက်နိုင်ဖို့ အတွက်ဆိုပြီး ဖွဲ့စည်းလိုက်တဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးအဖွဲ့က တွဲဖက် အထွေထွေအတွင်းရေးမှူး ရဲမှူးချုပ် စိုးြမိုင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-08-24
မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရက ချပေးခဲ့တဲ့ ဘဏ္ဍာငွေ ကျပ် ၁၀၉ ဘီလီယံထဲက ပိုလျှံတဲ့ ၁၃ ဘီလီယံကျော် ပြန် အပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-08-18
စဉ့်ကူးမြို့နယ် ညောင်ဝန်းရွာမှာ မြို့နယ်ရဲတပ်ဖွဲ့ ဝင်တွေနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခဖြစ်ပွား ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညောင်ဝန်းရွာ တစ်ရွာ လုံးကို ရဲတပ်ဖွဲ့က အမူဖွင့်ထားပြီး ညောင်ဝန်း ရွာ ဒေသခံ ၄ ဦးကလည်း ရဲတပ်ဖွဲ့ကို အမူဖွင့်ထား ပါတယ်။
2014-08-18
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ သုံးပွင့်ဆိုင်တွေ့ဆုံပွဲဟာ နိုင်ငံရေးဆွေးနွေးပွဲတွေကို အစပြုလိုက်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောကြားပါတယ်။
2014-08-16
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး လှုပ်ရှားမှှုနဲ့ပတ်သက်ပြီး ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ အနိုင်ရအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ် လှမြင့် ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။