အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်မှုကိစ္စ ဆက်သွယ်မေးမြန်းချက်
2014.09.04
အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း၊ ဘင်္ဂလားဒေ့်ရှ်နဲ့ အိန္ဒိယနိုင်ငံ အာသံ၊ ဂူဂျရတ်နဲ့ ကတ်ရှ်မီးယားပြည်နယ်တွေမှာ အဓိကပစ်မှတ်ထားပြီး မွတ်စလင်တွေ တစုတစည်းတည်းဖြစ်အောင် ဂျီဟတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ က ပြောဆိုလိုက်ပါတယ်။ အခုလို မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထား ခြိမ်းခြောက်လာမှုနဲ့ ပတ်သက်လို့ နေပြည်တော် သမ္မတရုံးက အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိတစ်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။