ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပမည်
2017.09.27
ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က လုပ်ကိုင်ရတဲ့အခြေအနေနဲ့ ဒီကနေ့ အခြေအနေ ဘယ်လိုတွေကွာခြားသွားသလဲ၊ သတင်းလောက တိုးတက်အောင် ဘာတွေလုပ်ဆောင်သင့် သလဲဆိုတာတွေ ဆွေးနွေးကြမယ်လို့ အခမ်းအနားကို ဦးဆောင်ကျင်းပသူလည်းဖြစ်၊ ရွှေဝါရောင်တော်လှန်ရေးကာလက Video journalist တစ်ဦးလည်းဖြစ်တဲ့ ကိုစံသာအောင် က ပြောပါတယ်။
ကိုစံသာအောင်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။