ဒုရဲမှူးမိုးရန်နိုင်ကို အကျဉ်းဦးစီးကရှေ့နေနဲ့ တွေ့ခွင့်မပေး


2018.05.09

ရိုက်တာသတင်းထောက်တွေရဲ့အမှုမှာ အမှန်အတိုင်းထွက်ဆိုတဲ့ ဒုရဲမှူးမိုးရန်နိုင်ကို ပြည်ထဲရေးက ပြစ်ဒဏ်ချထားတဲ့ကိစ္စအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) မှာပြဌာန်းထားတဲ့အတိုင်း စာချွန်တော်တက်နိုင်ဖို့ သူ့ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်ကကြိုးစား နေပါတယ်။ ဒီအတွက် ဦးမိုးရန်နိုင်နဲ့တွေ့ဖို့ ဒီနေ့ထောင်ကို သွားပြီးခွင့်တောင်းပေမယ့် အကျဉ်းဦးစီးက တွေ့ခွင့်မပေးသေး ဘူးလို့ ဆိုပါတယ်။

ဒီလို ရှေ့နေနဲ့ အမှုသည်ကို တွေ့ခွင့်မပေးတဲ့ အကျဉ်းဦးစီးရဲ့လုပ်ရပ်ဟာ ဖွဲ့စည်းပုံပါပြဌာန်းချက်ရော၊ အကျဉ်းဦးစီးလက်စွဲနဲ့ပါ ဆန့်ကျင်နေတယ်လို့လည်းပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရှေ့နေဦးရောဘတ်စန်းအောင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။