ရခိုင်နှစ်ပါတီပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ တည်ထောင်
2013.10.19
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီအမည်နဲ့ မှတ်ပုံတင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က လျှောက်လွှာတင်လိုက်ပြီဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ပါတီပေါင်းပြီး ပထမခေါင်းဆောင်ဖြစ်လာမယ့် ဦးအေးသာအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။