နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီဝင် ဦးရဲအောင်နဲ့ မေးမြန်းချက်
2015.01.06
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မေလက ဖွဲ့စည်းခဲ့တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စီစစ်ရေးကော်မတီကို နိုင်ငံရေး အကျဉ်းသားများရေး ရာကော်မတီ အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင်တွေကိုလည်း ထပ်မံဖြည့်စွက်ထားကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါတယ်။
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီမှာ ပါဝင်ခဲ့ပြီး အခုပြောင်းလဲဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီမှာ လည်း ကော်မတီဝင်အဖြစ် ပါဝင်တဲ့ ဦးရဲအောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ် မေးမြန်းထားပါတယ်။