ရွေးကောက်ပွဲ သတင်းရယူရေး သတင်းစာဆရာ ဖိုးသောကြာ နဲ့ မေးမြန်းချက်


2015.08.27

ပြည်တွင်း သတင်းမီဒီယာသမားတွေအနေနဲ့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ သတင်းရယူမယ်ဆိုရင် မိမိတို့ သတင်းယူမယ့် မြို့နယ်အတွက် ကြိုတင်လျှောက်ထားရမှာဖြစ်သလို ကိုယ်တိုင်ဝန်ခံချက် ရေးသားရမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အသိပေးကြေညာလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ လွတ်လပ်စွာသတင်းရယူခွင့်ကို ထိန်းချုပ်လိုက်သလိုဖြစ်နေတဲ့အတွက် သူတို့အနေနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ ဒုတိယဥက္ကဌ သတင်းစာဆရာ ဖိုးသောကြာက ပြောပါတယ်။

သတင်းစာဆရာ ဖိုးသောကြာ ကို RFA သတင်းထောက် မဇင်မာဝင်း ကဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။