ရွှေတိဂုံစေတီအနီးမှာ အထပ်မြင့် အဆောက်အဦးတွေ ဆောက်လုပ်ခွင့်မပြု
2015.07.09
ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်မယ့် ဒဂုံစီးတီးစီမံကိန်းလိုမျိုး အထပ်မြင့်အဆောက်အဦး ဆောက်လုပ်ရေးစီမံကိန်းတွေကို ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။