မွန်ပြည်သစ်ပါတီရဲ့ လူထုတွေဆုံပွဲ ယာယီရပ်ဆိုင်း
2018.03.09
မွန်ပြည်သစ်ပါတီ တပ်တည်ရှိတဲ့ နေရာ ငါးခုမှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ လူထုတွေဆုံပွဲတွေကို လူဦးရေအကန့်အသတ်နဲ့သာ ပြုလုပ်ဖို့ တပ်မတော်က တားမြစ်ခဲ့တဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ လူထုတွေဆုံပွဲတွေကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှ ကို RFA သတင်းထောက် ကိုကျော်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။