သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး ကောင်းမွန်လာ
2014.04.10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းးစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေးအတော်အသင့်ကောင်းမွန်လာပြီဖြစ်ပေမယ့် ဆေးရုံမှာ အချိန်ယူနေထိုင်ရဦး မယ်လို့သိရပါတယ်။ ဒါပေမယ့် ဆေးရုံအထူးခန်းမှာနေရချိန်မှာပဲ ဆောင်းပါး တစ်ပုဒ်ရေးလိုက်တယ်လို့သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုပေါက် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။