NLD အစိုးရကို အပြစ်တင်မစောဖို့ အမေရိကန်သံအရာရှိဟောင်း တိုက်တွန်း
2019.08.30
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ရွေးကောက်ပွဲကာလတုန်းက ပေးခဲ့တဲ့ကတိတွေကို ဖြည့်ဆည်း မပေးနိုင်သေးပေမယ့်လည်းး အပြစ်မတင်သင့်ဘူးလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ မစ္စ Priscilla Clapp ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။