ချက်နိုင်ငံရောက် မြန်မာတွေရဲ့ နိုင်ငံကူးလက်မှတ်ကို NUG က သက်တမ်းတိုးပေးနိုင်ပြီ
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.12.03
2021.12.03
အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့် အနေနဲ့ ချက်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားဝင်သက်တမ်းတိုးပေးဖို့ ချက်အစိုးရက ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် ချက်နိုင်ငံရောက် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအနေနဲ့ စာအုပ်သက်တမ်းတိုးရေးမှာ စစ်ကောင်စီနဲ့ ဆက်သွယ်ဖို့မလိုဘဲ အဆင်ပြေသွားပါပြီ။
NUG အစိုးရရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကူးလက်မှတ်တွေကို ၅ နှစ်သက်တမ်းတိုးပေးမှာ ဖြစ်ပါတယ်။ NUG ကိုယ်စားလှယ်ဦးလင်းသန့် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။