ရေမဆေးသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြဿနာဖြစ်ပွားတဲ့အကြောင်း မေးမြန်းချက်


2018.03.05

မတ်လ ၃ ရက်နေ့ညက စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ခိုင်နန်းရွှေကုမ္ပဏီရဲ့ ၅၇ လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ပြဿနာဖြစ်ပွားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရေမဆေးလုပ်သားတွေထဲက ၄ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။