ဈေးရောင်းသူ မောင်းထုတ်တဲ့ကိစ္စ မေးမြန်းချက်


2017.10.06

စက်တင်ဘာလ ၅ ရက်နေ့က ရွှေတိဂုံဘုရားရှေ့ဘက်မုခ်မှာ ငုံးဥပြုတ်သွားရောင်းခဲ့တဲ့ အသက် ၆၀ အရွယ် အစ္စလာမ်ဘာသာဝင် ဦးအောင်သန်း ဆိုသူကို ဘုန်းကြီးတချို့နဲ့ လူပုဂ္ဂိုလ်တချို့က ဘုရားအနီးနားမှာ ဈေးရောင်းချခွင့်မရှိဘူးဆိုပြီး မောင်းထုတ်ခဲ့တယ်လို့ ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာတွေမှာ သတင်းတွေ တက်လာပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က မောင်းထုတ်ခံရတဲ့ အစ္စလာမ်ဘာသာဝင် ဦးအောင်သန်းကို သွားရောက်တွေ့ဆုံခဲ့သလို ဗဟန်းမြို့နယ် ရဲစခန်းကိုလည်း ဘာသာခြားတွေအပေါ် အခုလို ဆောင်ရွက်နေမှုကို အရေးယူဆောင်ရွက်ပေးဖို့ သွားရောက်တိုင်ကြားခဲ့ပါတယ်။

ဗဟန်းမြို့နယ် ရဲစခန်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အဓမ္မဝါဒီ ဆန့်ကျင်ရေးကော်မတီ ဥက္ကဌ ဦးမြတ်ကျော် ကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။