အစိုးရအကူအညီလိုနေတဲ့ စွန့်ဦးတီထွင်သူများ
2019.12.16
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံတကာ ထုတ်ကုန်၊ ထွက်ကုန်များပြပွဲမှာ မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်တွေလည်း မြန်မာ့ထုတ်ကုန်တွေကိုပါဝင်ပြသခဲ့ပါတယ်။
ထန်းအခြေခံ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုကောင်းစံဟိန်း၊ ကွမ်းသီးဖတ်တွေကနေ ပလတ်စတစ်အစားထိုး ပန်းကန်တွေထုတ်နေတဲ့ ကိုမင်းကျော်ဇင်၊ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်တွေကို အဆင့်မြှင့်တင်ဖို့ကြိုးစားနေတဲ့ မသက်စုဌေးတို့ကို RFA ဝိုင်းတော်သား စောဖိုးခွားက မေးမြန်းဆွေးနွေးထားပါတယ်။