မူဆယ်မြို့ ပစ်ခတ်မှုအကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နဲ့ မေးမြန်းချက်


2018.05.12

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တဝိုက်ကို TNLA က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ရာကနေ ပြည်သူ့စစ်အဖွဲ့၊ ရဲတပ်ဖွဲ့တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့မနက် ပစ်ခတ်မှုတွေကြောင့် ဒုရဲအုပ်တစ်ဦးနဲ့ အရပ်သားပြည်သူ အပါအဝင် စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး ၂၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောပါတယ်။

စိုင်းကျော်သိန်းကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။